Part-2

23.8K 1.6K 14
                                    

Zawgyi

.
.
.
.

မနက်စောစော မွေ့ယာထက်၌ ကွေး၍အိပ်နေသော Baekhyun တစ်ယောက် နေရောင်စူးစူး ဖြာကျလာမှုနဲ့ အတူ...အိပ်ရာနှိုးနေသည့် Daddy.ရဲ့ ဩရှရှအသံကို နားထဲ ကြားလိုက်ရသည်။

"Babe ထတော့။ Baekhyun..ထတော့။ ကျောင်းသွားရမယ်လေ..."

"အွင်းးး~~...တယ်တီ..ခနယေး..."

အိပ်ချင်မူးတူး အသံနှင့် Baekhyun သည် ဒယ်ဒီဟူသော စကား ကိုပင် တယ်တီ ဟုခေါ်သည်အထိ မပီတော့ပေ။

"Park Baekhyun..ပျင်းနေပြန်ပြီလား။ ထတော့ ကျောင်းနောက်ကျမယ်..."

Chanyeol.အသံက စိတ်မရှည်ခြင်းသို့ ကူးပြောင်းလာသည်ကို Baekhyun သတိမထားမိသေး။

"5မိနစ်ပဲယေ~~..."

အရပ်ရှည် သလောက် စိတ်မရှည်တတ်သော Daddyသည် လက်လေးငါးချောင်းထောင်ပြနေသော Baekhyun၏ တင်ပါးလုံးလုံးထက်သို့ ခပ်စပ်စပ်ကလေး နှစ်ချက်လောက် ဆော်ပစ်သည်။

ဖြန်းး!! ဖြန်းး!!

"အ! အ! နာတယ်..ဟင့်"

"ထတော့။ ပျင်းနေတာ Daddy မကြိုက်ဘူး!.."

"ဟင့်...ဟုတ်.."

( အဟင့် နာလိုက်တာ။ Daddyကလေ တကယ် မ ro တတ်လိုက်တာ။ သူများတွေများ ပါးလေးကို နမ်းပြီးနှိုးရတာနဲ့ နှုတ်ခမ်းလေးကို နမ်းပြီးနှိုးရတာနဲ့။ သူ့ကျမှ ဖင်ကို အားကြီးနဲ့ရိုက်ပြီး နှိုးတယ်..)

"မထသေးဘူးလား!.."

"ထပြီ! ထပြီ Daddy.."

ကိုယ့်တင်ပါးလေး ကိုယ်ပွတ်လျက် Baekhyun တစ်ယောက် ရေချိုးခန်းထဲဝင်သွားသော Daddy.နောက်သို့ လိုက်သွားရရှာလေသည်။

Baekhyun အိမ်သာခွက်ပေါ် ထိုင်နေစဉ်တွင် Daddyကတော့ Baekhyun ရေချိုးရန်အတွက် ရေချိုးကန်ထဲ ရေဖြည့်ပေးနေလေသည်။

"ဘာဖြစ်တာလဲ..."

မအီမသာမျက်နှာနှင့် ဗိုက်ကို နှိပ်နေသော Baekhyunကြောင့် Daddyက အနားသို့ ရောက်ချလာသည်။

"ဝမ်းသွားနေတာလား"

"မဟုတ်ဘူး Daddy။ ဝမ်းချုပ်နေလို့.."

"ဘာတွေ မသိအောင်ခိုးစားထားသေးလဲ.."

"မစားပါဘူး Daddy။ သား မနေ့က Daddy.ကို ပြထားတဲ့ ဟာတွေပဲစားတာပါ..."

Daddy's Baby BoyWhere stories live. Discover now