Part-40

16K 1.2K 127
                                        

Zawgyi

.
.
.
.

မြင်းစီး အားကစားဝတ်စုံအပြည့်နှင့် မြင်းညိုညိုကြီး Scooby-dooကို ခွစီးကာ ကွင်းတစ်ပတ် ပတ်နေသည့် ကလေးငယ်ကို ကွင်းအပြင်ဘက်က ခုံတန်းလေးမှာထိုင်ရင်း Chanyeol စောင့်ကြည့်နေသည်။

လွန်ခဲ့တဲ့ နှစ်နှစ်ကျော် မြင်းစီး စ'သင်​ပေးတုန်းက မြင်းပေါ်တွင်ထိုင်ကာ မြင်း၏လည်ပင်းအား လက်နှစ်ဖက်နှင့် ဖင်ကုန်းမတတ် ဖက်ထားရင်း 'ကြောက်တယ်' ဟုပြောကာ ငိုနေသည့်ကောင်လေးက ယခုတွင်တော့ မြင်းကို အေးအေးဆေးဆေး ကျွမ်းကျွမ်းကျင်ကျင် စီးနေနိုင်လေပြီ။

သိပ်မကြာမီတွင် ရိုက်ကူးမည်ဖြစ်သော Moon Lovers ရုပ်သံဇာတ်လမ်းတွဲတွင် မြင်းစီးသည့် အခန်းပါလေသည်ဖြစ်ရာ မြင်းစီးလေ့ကျင့်ချင်ပါသည်ဟု ကလေးငယ်က ဆိုလာတာကြောင့် LOEY မြင်းစီးကလပ်သို့ Chanyeol ခေါ်လာပေးခြင်း ဖြစ်သည်။

မြင်းစီးအားကစားသည် Kနိုင်ငံ၏ ဈေးအကြီးဆုံး အားကစားဖြစ်ပြီး ငွေကြေးတတ်နိုင်သူများသာ ဝါသနာအရလည်းကောင်း၊ စိတ်အပန်းပြေစေရန်လည်းကောင်း စီးလေ့ရှိကြသည်။

LOEY မြင်းစီး ကလပ်သည် Memberကြေး မြင့်သည့်အပြင် အနည်းဆုံး မြင်းတစ်ကောင် လက်ဝယ်ပိုင်ဆိုင်ထားမှသာ Member အဖြစ် ဝင်ရောက်နိုင်သည်။

ထို့ကြောင့် LOEY မြင်းစီးကလပ်တွင် လူချမ်းသာများနှင့် နာမည်ကြီး အနုပညာရှင်များသာ Memberအဖြစ် ဝင်ရောက်နိုင်ကြပြီး Member စုစုပေါင်း အယောက်၃၀ခန့်သာရှိသည်။

ထို Member အယောက်၃၀သည်လည်း အားလပ်သည့်အချိန် သို့မဟုတ် စိတ်အပန်းဖြေလိုသည့် အချိန်မှသာ ​လာရောက်မြင်းစီးလေ့ရှိကြသည်ကြောင့် ယခု Chanyeolတို့ ရောက်ရှိနေချိန်တွင် ခန်းမထဲ၌ မြင်းစီးလေ့ကျင့်သူ နှစ်ယောက်လောက်သာ ရှိလေသည်။ ကျန်သူများမှာ မြင်းထိန်းများနှင့် အခြား ဝန်ထမ်းများသာ ဖြစ်လေသည်။

"ခဏ နားလိုက်ဦး။ ချွေးခြောက်မှ ရေချိုး..."

မြင်းထိန်းထံ မြင်းကို ပြန်အပ်ပြီး Chanyeolအနားသို့ လျှောက်လာသည့် ကလေးငယ်အား Chanyeolပြောလိုက်ခြင်းပင်။

Daddy's Baby BoyTempat cerita menjadi hidup. Temukan sekarang