Part-45

12K 1.1K 336
                                    

Zawgyi

.
.
.
.

စာပြန်မပို့လာသေးတဲ့ ဖုန်းထဲက Chat roomလေးကို ကြည့်ပြီး Baekhyun ငြိမ်သက်နေမိသည်။ Daddy ဘယ်လောက်တောင် အလုပ်တွေရှုပ်နေလို့ Baekhyunကို စာပြန်မပို့ဖြစ်လဲမသိ။

ဒီနေ့နဲ့ဆို ရုပ်ရှင်ရိုက်ဖို့အတွက် Daddy ဟန်းယန်းတောင်ကို ထွက်သွားသည်မှာ သုံးရက်မြောက်နေ့ပင် ဖြစ်ချေပြီ။ Daddyမရှိတဲ့ ဒီရက်ပိုင်းတွေမှာ Baekhyunအတွက် လိုအပ်တာမျိုးတွေမရှိပေမယ့် မပြည့်စုံသည့် ခံစားချက်ကိုတော့ ခံစားနေရသည်။

တစ်နေ့မှာ အနည်းဆုံးတစ်ကြိမ်လောက်တော့ Baekhyunနှင့် အတူတူ ထမင်းလက်ဆုံစားပေးတဲ့ Daddy၊ Baekhyun သွားနေကျနေရာ (ဥပမာ- ရှုတင်၊ Music show) တွေကို လိုက်လာလေ့ရှိတဲ့ Daddy၊ Oversea ထွက်ရင်တောင်မှ အနောက်က တကောက်ကောက်လိုက်ကာ အသေးစိတ်လေးကအစ ဂရုစိုက်ပေးတတ်တဲ့ Daddy၊ ညအိပ်တဲ့အခါတွင်လည်း Dorm အထိရောက်လာကာ Baekhyunကို ရင်ခွင်ထဲသွင်း၍ အိပ်စေတဲ့ Daddy။ ရက်အနည်းငယ်လေး ခွဲခွာရတာတောင်မှ Daddy.ရဲ့ အငွေ့အသက်၊ Daddy.ရဲ့အသံကို Baekhyun လွမ်းနေရချေပြီ။

🎵 I...will be with you...မင်းဆီကို လှမ်းလာခဲ့မယ်...

🎵 I...will be with you...ငါ ဘယ်အချိန်မဆို my love for you..uh..huu hoo...uh..huu hoo hu~

🎵 ငါ့ကို အဖြေပေးပါဦး...uh..huu hoo...uh..huu hoo hu~

"အလကားပါကွာ။ မျက်နှာလေး ဗန်းပြ၊ ခန္ဓာကိုယ်ထိုးကျွေးပြီး တက်လာတဲ့ကောင်ကွာ..."

သီချင်းတအေးအေးနှင့် သန့်စင်ခန်းကအထွက် ဘေစင်မှာ လက်ဆေးနေစဉ် ခပ်ကျယ်ကျယ်ကြားလိုက်ရသည့်အသံ​ကြောင့် Baekhyun ဘေးဘီဝဲယာကို လှမ်းကြည့်မိသည်။

Baekhyunနှင့် မလှမ်းမကမ်းတွင်ပင် လက်ဆေးနေသည့် ​ကောင်လေး​ လေးယောက်အုပ်စုထဲမှ တစ်ယောက်က ထိုစကားကို ပြောဆိုလိုက်ခြင်းဖြစ်မည်။ Baekhyun လှည့်ကြည့်တော့ သူတို့ကပါ Baekhyunကို ပြန်လှည့်ကြည့်လာသည်။

"ရုပ်ကလေး သနားကမားနဲ့ လုပ်စားနေတာ။ အရည်အချင်းမရှိတော့ ​ဒီလိုပဲ ပေးကျွေးပြီး တက်လာရတာပေါ့..."

Baekhyunဘက်သို့ မျက်စောင်းတစ်ခဲခဲနှင့် မဲ့ကာရွဲ့ကာဖြင့် ပြောဆိုနေပုံမှာ ရယ်ချင်စရာပင်ကောင်းလှသည်။

Daddy's Baby BoyOù les histoires vivent. Découvrez maintenant