Zawgyi
.
.
.
.အခန်းတစ်ခုရဲ့အပူချိန် ခပ်နွေးနွေးအောက် ဖြူဖွေးစွတ်နေတဲ့ မွေ့ယာထက်မှာ Baekhyun အိပ်ပျော်လို့နေသည်။
အဖြူရောင် စောင်ထည်ကြီးကို တစ်ကိုယ်လုံးဖုံးအောင် ပတ်ပြီး အိပ်ပျော်နေတဲ့ Baekhyunတစ်ယောက် မကြာမီအချိန်လေးအတွင်းမှာပဲ လှုပ်လီလှုပ်လဲ့နဲ့ နှိုးထလာခဲ့တယ်။
အိပ်ရာက ထ'ထချင်း ဘေးနားက မွေ့ယာကို လက်ဖြင့် လှမ်းစမ်းမိသည်။
အခန်းအပူချိန်က ဘယ်လောက်ပဲ မျှတအောင် နွေးနေပါစေ...Baekhyun ချစ်ရသူရဲ့ ကိုယ်ငွေ့ နွေးနွေးလေး မရှိရင်တော့ ဒါဟာနွေးထွေးလုံခြုံနေတယ်လို့ မဆိုလိုနိုင်ဘူးမဟုတ်လား။ကုတင်ပေါ်ကနေ ထ'ကာ ရေချိုးခန်းထဲ ဝင်ရှာကြည့်သည်။
Daddy မရှိနေပြန်။ အခန်းအပြင်ဘက်ထွက်ရှာမည်ပြုတော့ အပြင်ဘက်မှ အသံတစ်ချို့ကို Baekhyun ကြားလိုက်ရသည်။ ထို့ကြောင့် လိုက်ကာကိုဖွင့်ကာ မှန်ပြတင်းပေါက်ကို ဆွဲဖွင့်တော့ နေရောင်ခြည် ခပ်နွေးနွေးက Baekhyun မျက်နှာပေါ် ဖြာကျလာသည်။အသံကြားရာနေရာသို့ လှမ်းကြည့်မိချိန်တွင်တော့ ရွှံ့နွံများဖြင့် ပြည့်နေသော လေ့ကျင့်ရေးကွင်းကြီးထဲ၌ အပေါ်မှ ရေပိုက်များဖြင့် ရေများဖြန်းထားသည့် ဆူးကြိုးများအောက်မှ တွားသွားကာ လှုပ်ရှားလေ့ကျင့်နေကြသော ဂိုဏ်းသားများကို တွေ့လိုက်ရသည်။
ထိုသူတို့၏ အလှမ်းမကမ်းမှာတော့ Baekhyun၏ Daddyကို နောက်လိုက်တစ်ချို့နှင့် အတူ လှမ်းတွေ့လိုက်ရသည်။
မတ်တပ်ရပ် ခါးထောက်ကာ လေ့ကျင့်နေသည်များကို ကြည့်ရှုလမ်းညွှန်ပေးနေသော Daddyက သူ၏ ခန္ဓာကိုယ်နှင့် ကွက်တိကျနေသော တီရှပ်အမဲ လက်တိုကို ဝတ်ထားသည်ကြောင့် လက်မောင်းထက်မှ ကြွက်သားများအား အလုံးလိုက်အထည်လိုက် ပြသနေသယောင်။
ရေပိုက်များမှ ပက်ဖြန်းလာသော ရေများကြောင့် တစ်ကိုယ်လုံးစိုရွှဲနေပြီ ဖြစ်သော Daddy.ဗိုက်မှ ကြွက်သားများသည် တီရှပ်အင်္ကျီသားနှင့် ကပ်ကာ အမြှောင်းလိုက် ထင်ပေါ်နေသည်။ လေ့ကျင့်ရေး ဘောင်းဘီအပွနှင့် လည်သာဖိနပ်ရှည်ကို ဝတ်ဆင်ထားသည့် Daddyက သူ၏ ရှည်လျားသောအရပ်၊ တောင့်တင်းသော ခန္ဓာကိုယ်တို့နှင့် လုံးဝကို ကွက်တိကျကာ စတိုင်ကျနေတော့၏။

YOU ARE READING
Daddy's Baby Boy
FanfictionKနိုင်ငံရဲ့ နိုင်ငံကျော် ဒိတ်ဒိတ်ကျဲ အဆိုတော် ရုပ်ရှင်သရုပ်ဆောင် ကမ္ဘာကျော် LOEY clothing brand အပါအဝင် shopping mall, hospital, hotel,private school,bankစသည့် လုပ်ငန်းအစုအစုရဲ့ ရှယ်ယာ အများဆုံး ရှယ်ယာရှင် LOEY Entertainment ရဲ့ CEO စသည့် ဂုဏ္ပုဒ္မ်...