Zawgyi
.
.
.
.ကျောင်းကန်တင်း၌ Baekhyun, Sehun,Jongin တို့သုံးယောက်သား စိတ်မပါလက်မပါဖြင့် စားသောက်နေကြသည်။မနက်ဖြန်တွင် ယှဉ်ပြိုင်ရမည့် Audition အတွက် စိတ်လှူပ်ရှားနေရ၍ မစားနိုင် မသောက်နိုင်ဖြစ်နေကြခြင်းဖြစ်သည်။
ထိုအထဲတွင်အဆိုးဆုံးကတော့ Baekhyun ပင်။ မည်မျှပင် ပြည့်စုံအောင် လေ့ကျင့်ထားပါမူ စိုးရိမ်စိတ်ကတော့ ရှိနေမြဲမဟုတ်ပါလား။ Daddyက ဒီတစ်ကြိမ်သာ အခွင့်အရေးပေးထားတာဖြစ်လို့ Baekhyun ပို၍ကြောက်နေမိသည်။ ထို့ပြင် Daddyက ကိုယ့်ဘာသာကိုယ် ကြိုးစားရန်ပြောထားသည့်အပြင် သူဘက်ကလည်း နည်းနည်းလေးမှတောင် မသင်ပေးပါ။
"ဟူးးး..ကြောက်လိုက်တာ။ မနက်ဖြန်အဆင်ပြေပါ့မလား..."
"ပြေမှာပါကွ။ သိပ်လည်း ပူမနေစမ်းပါနဲ့ baekhyunee ရာ..."
"အေးလေ။ ငါတို့ဒီလောက်ထိ ကြိုးစားထားတာကို။ ငါတို့မှ မအောင်ရင် ဘယ်သူမှ အောင်မှာမဟုတ်ဘူး..."
Confidence အပြည့်နှင့် Sehun ကဝင်ပြောသည်။
"ဒီ Audition ကိုသာ အောင်လို့ကတော့ sehunတို့ အပျော်လွန်ပြီး ထ က' မှာသေချာတယ်..."
"သေချာတာပေါ့ကွ။ ဒီဟာအောင်မှ ငါ့နှလုံးသားလေးနဲ့ ပိုပြီး နီးစပ်နိုင်မှာ..."
ပြောလည်းပြောရင်း Luhan hyungတို့ရှိရာ ဝိုင်းဘက်သို့ ငေးမောကြည့်နေသော Sehun။ Luhan hyungကလည်း Sehun ဘက်သို့ မသိမသာလေး တစ်ချက်တစ်ချက် ခိုးကြည့်နေပြန်သည်။
"အမလေး...Sehun တစ်ယောက် ဆေးမမှီတော့ဘူးပဲ..."
"မင်းလို FAကောင်က ဒါတွေနားမလည်ပါဘူး Jonginရာ..."
ပြန်လည်ချေပလာသော Sehun စကားကြောင့် Jongin ခပ်တွေတွေလေး ဖြစ်သွားရသည်။ ထို့နောက် ဘေးနားက ဘာစကားမှ ဝင်မပြောတော့ပဲ ဖုန်းကိုသာ ကြည့်၍ ရယ်နေသော Baekhyunကို
လှည့်ကြည့်လိုက်သည်။.
.
.ဒီနေ့ကား Audition ဖြေရမည့်နေ့။
Entertainment ၏ သန့်စင်ခန်း တစ်နေရာတွင်တော့...
"Baekhyun..ဘယ်လိုဖြစ်လို့ သေး ခဏခဏ ပေါက်နေတာလဲ။ Audition စတော့မယ်။ ပေါက်မနေနဲ့တော့.."

KAMU SEDANG MEMBACA
Daddy's Baby Boy
Fiksi PenggemarKနိုင်ငံရဲ့ နိုင်ငံကျော် ဒိတ်ဒိတ်ကျဲ အဆိုတော် ရုပ်ရှင်သရုပ်ဆောင် ကမ္ဘာကျော် LOEY clothing brand အပါအဝင် shopping mall, hospital, hotel,private school,bankစသည့် လုပ်ငန်းအစုအစုရဲ့ ရှယ်ယာ အများဆုံး ရှယ်ယာရှင် LOEY Entertainment ရဲ့ CEO စသည့် ဂုဏ္ပုဒ္မ်...