Zawgyi
.
.
.
."Cut!..မညီသေးဘူး ပြန်လုပ်မယ်!.."
"ဒီတစ်ခေါက် Sehun ကို Focus ထားပြီးရိုက်မယ်။ ကင်မရာကို လိုက်ကြည့်မယ်နော်.."
"OK!!..နောက်ဆုံးပိုင်းရိုက်မယ်။ အကုန် ကင်မရာကို ကြည့်ပေးကြပါ..."
"Cut!!..Ok ကောင်းတယ်!..အဆင်ပြေတယ်..."
"ပင်ပန်းသွားကြပါပြီ! ကောင်းကောင်းနားကြပါ!!..."
ဒါရိုက်တာရဲ့ ပြောသံအဆုံး တစ်ညနေလုံးတောက်လျှောက် ပင်ပန်းခဲ့ကြသော Shooting အဖွဲ့သားများနှင့် JunMyeonတို့ Whiz-kid အဖွဲ့သားများအားလုံး ပျော်ရွှင်သွားကြရသည်။
ည၉နာရီပင် ရှိလေပြီကြောင့် ဗိုက်လည်း ဆာနေကြပြီဖြစ်သည်။ ထို့ကြောင့် အဖွဲ့လိုက်ကြီး သိမ်းစရာရှိသည့် ရိုက်ကူးရေး ပစ္စည်းများကို လျှင်လျှင်မြန်မြန် ကောက်သိမ်းကာ သဲသောင်ပြင်မှ အပန်းဖြေအိမ်ကြီး ရှိရာသို့ အလုံးအရင်းနှင့် ချီတက်လာကြသည်။
Baekhyunတို့ ယခုရောက်ရှိနေသည့် နေရာကတော့ ဂျယ်ဂျူကျွန်းတွင် ဖြစ်သည်။ သဲသောင်ပြင်နှင့် ကမ်းခြေပါအောင် ရိုက်ကူးရသော
Whiz-kid's Holiday ဆိုသည့် အစီအစဉ်ကြောင့် ဤနေရာသို့ရောက်ရှိနေခြင်းပင်။"ရေမိုးချိုးပြီး ထွက်လာခဲ့ကြ။ အစားအသောက်တွေ မှာထားလိုက်မယ်..."
"ဟုတ်ကဲ့!!.."
မန်နေဂျာ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက်ထဲ တက်ကြွစွာ အော်လာကြသည့် ရိုက်ကူးရေးအဖွဲ့သားများနှင့် Whiz-kid members များ။ ထို့နောက် အသီးသီး သူတို့ အခန်းများရှိရာသို့ ဝင်ရောက်သွားကြသည်။ Baekhyunလည်း Baekhyun အတွက် ပေးထားသည့် အခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။
ဤအိမ်ကြီးတစ်ခုလုံးကို Baekhyunတို့ အဖွဲ့သားတွေ နေထိုင်ရန်အတွက် ငှားရမ်းထားခြင်းဖြစ်သည်။ Whiz-kid member ငါးယောက်၊ မန်နေဂျာ၊ ဒါရိုက်တာ၊ ရိုက်ကူးရေးအဖွဲ့သားများ၊ make-up artists များ အပါအဝင် လူနှစ်ဆယ့် နှစ်ယောက် နေထိုင်နိုင်သော နှစ်ထပ်အိမ်ကြီးဖြစ်ပြီး ကမ်းခြေနှင့်လည်း သိပ်မဝေးပေ။
အောက်ထပ်တွင် ဧည့်ခန်းပါရှိသည့် အပြင် ရေချိုးခန်းနှင့် အိမ်သာ တွဲရက် အိပ်ခန်းပေါင်းများစွာလည်း ရှိသည်။ တစ်ခန်းတွင် နှစ်ယောက် သို့မဟုတ် သုံးယောက်နေကြရပြီး Luhan hyung နှင့် Sehunတို့က တစ်ခန်း၊ Baekhyun ကတော့ Jong In ၊ JunMyeon hyungတို့နှင့် တစ်ခန်းဖြစ်သည်။
ESTÁS LEYENDO
Daddy's Baby Boy
FanficKနိုင်ငံရဲ့ နိုင်ငံကျော် ဒိတ်ဒိတ်ကျဲ အဆိုတော် ရုပ်ရှင်သရုပ်ဆောင် ကမ္ဘာကျော် LOEY clothing brand အပါအဝင် shopping mall, hospital, hotel,private school,bankစသည့် လုပ်ငန်းအစုအစုရဲ့ ရှယ်ယာ အများဆုံး ရှယ်ယာရှင် LOEY Entertainment ရဲ့ CEO စသည့် ဂုဏ္ပုဒ္မ်...