Part-6

22K 1.3K 25
                                    

Zawgyi

.
.
.
.

Baekhyun နိုးလာသည်။ ဘေးကအိပ်ရာကို စမ်းကြည့်တော့ အေးစက်တဲ့ အထိအတွေ့ကို ခံစားလိုက်ရတာကြောင့် Daddy ထ'သွားပြီမှန်း သိလိုက်သည်။

Daddy က Baekhyunလို အိပ်ရေးမမက်ပေ။ မနက်၆နာရီထ၍ Gym ဆော့သည်။ ထို့နောက် Baekhyunအတွက် မနက်စာ ပြင်ဆင်ပေးသည်။ Baekhyunကတော့ မနက် ၉နာရီကျောင်းတက်ဖို့ ၈နာရီခွဲတောင် မထ'ချင်။ သို့ပေမယ့် Daddy က ၈နာရီဆို ပုံမှန်လာနှိုးလေသည်။

ဒီနေ့တော့ ညနေ training ဆင်းရမည့် အကြောင်း တွေးမိသည်ကြောင့် စောစောနိုးလာမိသည်။ အချိန်က ၇နာရီ ၄၉ မိနစ်တဲ့။ Daddy မနှိုးပဲ နိုးလာသည်ကြောင့် ကိုယ့်ကိုယ်ကို ဂုဏ်ဆာမိသေးသည်။
ထို့နောက် ရေချိုးခန်းထဲ ဝင်ကာ အိမ်သာပေါ်ထိုင်လိုက်တော့...

"အ!.."
(အားးး! ဖင်နာတယ်..ဟင့်..)

မနေ့ညက အရိုက်ခံထားရသည်ကြောင့် အိမ်သာပေါ်၌ပင် ကောင်းကောင်း ထိုင်မရ။ နည်းနည်းကြွထားရသည်။ ညနေ entertainment သွားရင် ကားပေါ်မှာထိုင်နိုင်ပါ့မလားဟုပင် စိတ်ပူမိသည်။

ကိစ္စရှင်းပြီး မျက်နှာသစ်ကာ ထွက်လာတော့ အခန်းထဲ၌ တစ်ခုခုလိုနေသည်ကို သတိထားမိတော့သည်။ ထိုအခါမှ ထူပူမိတော့၏။

(ဘယ်မှာလဲ!..ဘယ်မှာလဲ! ဘယ်ရောက်သွားတာလဲ!..အကြီးကြီးဟာကို ဘာပျောက်သွားတာလဲ။သေစမ်း!!..)

အခန်းတစ်ခုလုံး ဗီဒိုထဲ၊ စားပွဲခုံအောက်မကျန်..ကျီးကန်းတောင်းမှောက် လိုက်ရှာမိသည်။

"ဘယ်ပျောက်သွားတာလဲဟ.."

"Babe..နိုးနေပြီလား.."

ရှာကောင်းနေတုန်း အခန်းထဲ ဝင်လာသော Daddyနှင့်တိုးသည်။

"Daddy..သား luggage ကြီးပျောက်သွားပြီ.."

Baekhyun ခါးနားလောက်ထိ ကြီးမားသော luggage ကြီး ပျောက်ခြင်းမလှ ပျောက်သွားပြီး ရှာမတွေ့တော့သည်ကြောင့် Daddy.ကို ငိုမဲ့မဲ့နှင့်ပြောမိလေတော့...

"ပို့လိုက်ပြီလေ.."

"ဗျာ?.."

Daddyပြောလာသော စကားကို နားမလည်သည်ကြောင့် အူကြောင်ကြောင်လေး ငေးကြည့်လိုက်သည်။

Daddy's Baby BoyTempat cerita menjadi hidup. Temukan sekarang