Part-49

11.2K 1.3K 149
                                        

Zawgyi

.
.
.
.

ခြေသလုံးသားထက်သို့ ကြိမ်ဖြင့်...ဆယ့်ငါးချက်၊ အချက်ရေ မှားပြောသည်ကြောင့် အပိုရိုက်ခံရသော ရှစ်ချက်၊ အားလုံးပေါင်း ၂၃ ချက် အရိုက်ခံရပြီးသည်တွင်တော့ Baekhyunတစ်ယောက် ကြမ်းပြင်တွင်ထိုင်ကာ ပွတ်နေရတော့သည်။

ခြေဖဝါးထက်သို့ ရိုက်သောကြိမ်ချက်က ရိုက်တုန်းခဏသာ နာပေမယ့် ခြေသလုံးသားထက်တွင်တော့ သွေးမစို့ရုံတမယ် အရှိုးရာများဖြင့် ပြည့်နေလေပြီ။

ခဏလောက်ထိုင်ပြီး နည်းနည်း အနာသက်သာသည်နှင့် မတ်တပ် ထ'ရပ်ကာ ဆိုဖာခုံနှင့် ကြိမ်လုံးကို ​နေရာတကျပြန်ထား၍ ဘောင်းဘီ ကောက်စွပ်ကာ အိပ်ခန်းထဲသို့ ထော့နဲ့ထော့နဲ့ဖြင့် ပြန်ဆင်းလာခဲ့ရသည်။

"Park Chanyeol shi...ကိုယ့်ကိုယ်ကို လူဆိုတာရော သတိထားမိသေးရဲ့လား။ ခန္ဓာကိုယ်ကို တစ်စက်က​လေးမှ အနားမပေးပဲ နေနေရအောင် စက်ရုပ် မဟုတ်ဘူးနော်..."

လှေကားပေါ်က ဆင်းလာသည်နှင့် အခန်းထဲမှ MinSeok hyung၏ ခပ်ရွဲ့ရွဲ့ပြောသော အသံကို ကြားလိုက်ရသည်။

"ဒဏ်ရာကို ပစ်စလက်ခတ် ထားထားတာ လက်အဖြတ်ခံချင်လို့လား သိပါ​ရစေ...Park Chanyeol shi..."

Daddy.လက်က ဒဏ်ရာကို ဆေးထည့်ပေးနေရင်းမှ MinSeok hyung တစ်ယောက် ပွစိပွစိနှင့် ပေါက်ပေါက်ဖောက်သည်။

MinSeok hyungရဲ့ စကားကို Daddy.ဘက်က ဘာမှ​ ချေပ ပြန်မပြောလာပေမယ့် ကောင်းတဲ့လက်တစ်ဖက်ဖြင့် လက်တော့ပ်ကို ကြည့်လိုက် စာရိုက်လိုက် လုပ်နေဆဲပင်။

ဟန်းယန်းတောင်မှာတည်းက ရိုက်ကူးရေးကို နေ့မအား၊ ညမအား လုပ်၊ ဆောင်းတွင်း အေးအေးကြီးထဲ တစ်နာရီလောက်ကြာအောင် မိုးရေထဲ ​ဆင်းရိုက်တာတွေ၊ ကြိုးပြတ် ပြုတ်ကျပြီး သွေးထွက်သံယို ဒဏ်ရာရထားတာတွေ၊ ဒီပြန်ရောက်တော့လည်း Baekhyunရဲ့ကိစ္စတွေကြောင့်  နားနားနေနေ အနားမယူတာတွေကို Daddy.အတွင်းရေးမှူးမှ တစ်ဆင့် ကြားခဲ့ရသူ MinSeok hyungက ပြန်၍ ဖောက်သည်ချ ပြောဆိုသံကြားရတော့ Baekhyun တကယ်အံဩရသလို စိတ်မ​ကောင်းလည်းဖြစ်ရသည်။

မတွေ့ခဲ့တဲ့ တစ်ပတ်အတွင်း Daddy ဘယ်လိုတွေ အလုပ်ရှုပ်ကာ ဘယ်လောက်ထိ ပင်ပန်းနေသည်ကို မတွေ့ရ၊ မသိခဲ့ရသည်ကြောင့် ယခုလို ကြားသိရသည်က Baekhyunကို တုန်လှုပ်စေသည်။

Daddy's Baby BoyOnde histórias criam vida. Descubra agora