Zawgyi
.
.
.
.ခြေဦးတည့်ရာ လျှောက်လာပေမယ့် ဘယ်ကိုသွားလို့ ဘယ်ကိုလာရမှန်း မသိ ဖြစ်နေသည်။ Baekhyun ငယ်ငယ် မိဘမဲ့ကျောင်းမှာနေခဲ့ချိန်က ဘဝတူမိဘမဲ့ကလေးတွေနဲ့လည်းမိဘမဲ့ကျောင်းက ထွက်ပြေးလာတည်းက ပြန်မဆုံဖြစ်ကြ။
Daddy နဲ့ဝေးရာဆီ သွားနေပေမယ့် စိတ်တို့ကတော့ Daddy.ဆီမှာ။ Power ပိတ်ထားတဲ့ phoneလေးကို ဖွင့်ဖွင့် ကြည့်ချင်မိသည်မှာ ခဏ ခဏ။ ဒီဖုန်းလေးထဲမှာ Daddy.ဆီက missed callတွေ ဘယ်လောက်တောင် ဝင်နေမလဲ။ Messageတွေ ဘယ်လောက်တောင် ပို့ထားမလဲ Baekhyun သိချင်သည်။
စိတ်ပူနေမည့် Daddy.ကို တွေးမိတော့ Baekhyun ထွက်လာမိသည်ကို နောင်တရ ချင်လာသည်။ အမှန်ဆို Daddy.ကိုပြောပြခဲ့သင့်သည်။ Daddyသာဆိုလျှင် အရာရာကို ဖြေရှင်းနိုင်မည်မဟုတ်ပါလား။
ခဏတာ စိတ်လွတ်သွားတဲ့ ကိုယ့်ကိုယ်ကို အပြစ်ပေးတဲ့ အနေနဲ့ ကိုယ့်ခေါင်းကို တစ်ချက်ထုလိုက်ပြီး ဖုန်းကို Power Onကာ Daddy.ဆီ ဖုန်းခေါ်ရန် ပြင်လိုက်စဉ်တွင်...
"အု..အွင်းး.."
ရုတ်တရက် Baekhyun အနောက်ကနေ ပါးစပ်ကို လက်ကိုင်ပုဝါနှင့် အုပ်ခံလိုက်ရပြီး စိမ်းရွှေရွှေအနံ့ကို ခံစားလိုက်ရသည်။ ပါးစပ်ကို ပုဝါဖြင့် အုပ်ကာ ကိုင်ထားသည့် လက်ကို ရုန်းကာ ဖယ်ထုတ်ပါလည်း သန်မာသော လက်ကတော့ ဖယ်ခွာမသွားခဲ့။
Baekhyun သည်သာ အားနည်းလာကာ ငြိမ်ကျသွားရပြီး မျက်လုံးအစုံတို့ မှိတ်ကျသွားခဲ့ရသည်။
"အားး မူးလိုက်တာ..."
မူးနောက်နောက် ခေါင်းကို ကိုင်လျက်အိပ်ချင်နေသေးသည့် မျက်လုံးအစုံတို့ကို ဖွင့်ကာ ခပ်တိုးတိုးညည်းတွားရင်း ဆူညံနေသည့် ဘက်သို့ Baekhyun လှည့်ကြည့်မိတော့ အရက်တွေ ကြက်ပေါင်တွေကို စားသောက်ကာ စကားပြောဆူညံနေကြသည့် လူတစ်အုပ်။
ကိုယ်ခန္ဓာ ထွားကျိုင်းကြကာ ကြမ်းတမ်းပုံရသော အသွင်အပြင်တို့ကြောင့် ထိုလူများသည် Baekhyun ကိုဖမ်းခေါ်လာသော လူဆိုးအုပ်စုပင်ဖြစ်ရမည်။ ထိုသူတို့၏ မလှမ်းမကမ်းတွင်တော Baekhyun ရှိနေပြီး လှုပ်မရအောင် ကုလားထိုင်တွင် ထိုင်စေရင်း ကြိုးတုပ်ခံထားရသည့် ဘဝ။

YOU ARE READING
Daddy's Baby Boy
FanfictionKနိုင်ငံရဲ့ နိုင်ငံကျော် ဒိတ်ဒိတ်ကျဲ အဆိုတော် ရုပ်ရှင်သရုပ်ဆောင် ကမ္ဘာကျော် LOEY clothing brand အပါအဝင် shopping mall, hospital, hotel,private school,bankစသည့် လုပ်ငန်းအစုအစုရဲ့ ရှယ်ယာ အများဆုံး ရှယ်ယာရှင် LOEY Entertainment ရဲ့ CEO စသည့် ဂုဏ္ပုဒ္မ်...