Zawgyi
.
.
.Company ရဲ့ ခေါင်မိုးထပ်က ခုံတန်းလေးမှာ ထိုင်နေတဲ့ Baekhyun။ လက်တွေ တဆတ်ဆတ် တုန်လွန်းလို့ လက်နှစ်ဖက်ကို ဆုပ်ကိုင်ရင်း ပေါင်ကြားထဲ ထည့်ထားပေမယ့် ကြောက်ရွံ့မှုက လျော့မသွားပေ။
Yuki sam ချိန်းဆိုမှုကြောင့် ဒီနေရာလာခဲ့ပေမယ့် အခုချိန်ထိ Yuki samကတော့ ရောက်မလာသေး။
ခုနက Baekhyun ဖုန်းထဲပို့လာတဲ့ ပုံတွေ ဗီဒီယိုတွေက Daddy နဲ့ Baekhyunတို့ Vdayတုန်းက ဟိုဒေါင့် အခန်းလေးထဲမှာ ဖြစ်ပျက်ခဲ့တဲ့ ပုံရိပ်တွေ။
Daddy နဲ့ Baekhyunသာ သိခဲ့တဲ့ ကိစ္စကို Yuki sam ဘယ်လို သိသွားလဲ၊ ဘယ်လိုဖြစ်ပြီး ဒီလိုလုပ်ခဲ့လဲဆိုတာ Baekhyun နားမလည်။
အခုချိန်မှာတော့ 'မင်း မလာရင် ဒါတွေ Social media ပေါ်တင်လိုက်မယ်' လို့ပြောခဲ့တဲ့ ချိန်းခြောက်စကားကြောင့် Baekhyun ဒီကိုရောက်နေခြင်း ဖြစ်လေသည်။
"Sorry နောက်ကျသွားတယ်။ အရှုပ်လေးတွေ ရှင်းနေရသေးလို့။ အဟင်း..."
အသံတစ်သံကြောင့် လှည့်ကြည့်မိတော့ Yuki samကို တွေ့လိုက်ရပြီး ခါတိုင်းတွေလို မဟုတ်ဘဲ ရုပ်ဖျက်ထားပုံရသည်။ ယောကျာ်းလေးပုံစံ ဆံပင်အတို ဦးထုပ်၊တီရှပ် ဘောင်းဘီ အပွတို့နှင့်ဖြစ်သည်။
Yuki samရောက်လာကာ စကားစပြောတဲ့ အထိ Baekhyun ဘာပြန်ပြောလို့ပြောရမှန်းမသိခဲ့။ မင်္ဂလာပါလို့ပဲ နှုတ်ဆက်ရမလား? ဒီပုံတွေ ဘယ်လိုရလာတာလဲလို့ပဲ ဒေါသထွက်ရမလား? ဒီပုံတွေ videoတွေကို ဖျက်ပေးပြီး social media တွေပေါ် မတင်ဖို့ပဲ တောင်းပန်ရမည်လား?
Baekhyun မသိတော့။"ဟို...ဒီဟာတွေကို.."
"ခဏလေး။ ငါပဲပြောမယ် သေချာနားထောင်။ ဒီပုံတွေကို ငါဖျက်ပေးမယ်။ လိုင်းပေါ်လည်းမတင်တော့ဘူး။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်..."
အပြင်မပေါက်ကြားသွားအောင် လုပ်ပေးမယ်ဆိုတော့ Baekhyun မျက်လုံးလေးတွေ အရောင်လက်သွားရသည်။ ဒါကို ကြည့်ပြီး Yuki Samက မဲ့ပြုံး ပြုံးပြလာကာ...
"မင်း...ဒီ company ကနေရော၊ Park Chanyeol ဘေးနားကနေပါ ပျောက်ကွယ်ပေးရမယ်..."
YOU ARE READING
Daddy's Baby Boy
FanfictionKနိုင်ငံရဲ့ နိုင်ငံကျော် ဒိတ်ဒိတ်ကျဲ အဆိုတော် ရုပ်ရှင်သရုပ်ဆောင် ကမ္ဘာကျော် LOEY clothing brand အပါအဝင် shopping mall, hospital, hotel,private school,bankစသည့် လုပ်ငန်းအစုအစုရဲ့ ရှယ်ယာ အများဆုံး ရှယ်ယာရှင် LOEY Entertainment ရဲ့ CEO စသည့် ဂုဏ္ပုဒ္မ်...