Part-42

11.5K 1.1K 251
                                        

Zawgyi

.
.
.
.

"စားလေ။ က​လေးလေးကြိုက်တယ်မလား..."

Baekhyun အရှေ့မှ ပဲခေါက်ဆွဲပန်းကန်ကို မေးငေါ့ပြရင်း ပြုံးပြလာသူက အသက်၃၅နှစ်အရွယ် Kang Woo Sung အမည်ရှိယောက်ျားကြီးတစ်ယောက်။

Baekhyun တစ်ခါမှမမြင်ဖူးသည့် နူးညံ့ချိုသာသောအသံ၊ ခပ်ပြုံးပြုံး အပြုအမူများဖြင့် ပဲခေါက်ဆွဲစားရန် ပြောနေပုံက ထိုသူ့ကို လူကြီးလူကောင်းဆန်စေသယောင်။ အကြောင်းမသိသည့်သူဆိုလျှင် ဤယောက်ျားဟာ လူကောင်းတစ်ယောက်ဖြစ်မည်ဟု ကောက်ချက်ချကြလိမ့်မည်။

မနေ့ကလေးတင်မှ Baekhyunအပေါ် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခဲ့သောဤလူသည် ယခုတွင်တော့ နူးနူးညံ့ညံ့လေး ပြောဆိုပြုမူနေသည်ကြောင့် Baekhyunမှာ မယုံကြည်နိုင်ဖြစ်ကာ အံ့ဩနေရ​တော့သည်။

"နယ်ပေးမယ် စားလိုက်နော်။ ဗိုက်ဆာနေတယ်မလား..."

ပဲနှစ်တွေနှင့်ခေါက်ဆွဲကို တူနဲ့နယ်ပေးနေသည့်သူအား Baekhyun တစ်ယောက် မျက်လုံးအဝိုင်းသားလေးနှင့်သာ ထိုင်ကြည့်နေမိသည်။

အရပ်ရှည်ရှည် ​ဒေါင်ကောင်းကောင်းနှင့် ဤလူသားဟာ ရုပ်ရည်အရလည်း အရမ်းကြီးဆိုးသွမ်းနေသည့်ပုံမပေါ်။ အနည်းငယ်ခက်ထန်သော မျက်နှာရှိပေမယ့် ယခုလိုသာပြုံးနေပါက ကြည့်ကောင်းသည့်မျက်နှာပိုင်ရှင်ပင်။

"စားလိုက်..."

Baekhyun ရှေ့သို့ တိုးပေးလာသည့် ပဲခေါက်ဆွဲပန်းကန်။ ရှေ့ကပန်းကန်ကိုကြည့်လိုက် ထိုယောက်ျားကို ပြန် ကြည့်လိုက်ဖြင့် ပဲခေါက်ဆွဲကို စားဖို့ရာ Baekhyun မဝံ့မရဲ ဖြစ်နေသည်။

နှစ်ရက်လောက် အစာမစားထားရသော ဝမ်းဗိုက်ငယ်သည် တဂွီဂွီမြည်နေပြီဖြစ်ပြီး Baekhyun၏ စိတ်အစဉ်သည်လည်း ပဲခေါက်ဆွဲကို အဝစားပစ်ချင်နေပြီ။ သို့ပေမယ့်...

"စားလေ။ ဘာလို့လဲ။အဆိပ်ခတ်ထားမှာစိုးလို့လား..."

Baekhyunအတွေးကို သိသည့်အလား ထိုလူကထုတ်ဖော်၍ မေးလာသည်။ Baekhyunက အဖြေပြန်မပေးပဲ ကြောင်ကြည့်နေခိုက်တွင်တော့...

"ဟားဟား..အဆိပ်မခတ်ထားပါဘူးကွာ။ စိတ်ချလက်ချစားစမ်းပါ..."

Daddy's Baby BoyWhere stories live. Discover now