Zawgyi
.
.
.
."မရဘူး"
"ဟွင့် Daddyကလည်းး။ သားကိုစိတ်ဆိုးပြေပြီဆို..."
S မြို့တော် လမ်းမကြီးတစ်လျှောက် မောင်းနှင်နေတဲ့ ကားလေးရဲ့ နောက်ခန်းမှာ ထိုင်ရင်း စကားပြောနေကြတဲ့ Chanyeolနဲ့ Baekhyun။
Chanyeolပေါင်ပေါ်မှာ ထိုင်နေတဲ့ ကလေးက Chanyeolလည်ပင်းကို လက်နှစ်ဖက်နှင့် သိုင်းဖက်လို့ နှုတ်ခမ်းတထော်ထော်နှင့် သူ့ကို အပြစ်မပေးရေး တောင်းဆိုနေလေ၏။
"စိတ်ဆိုးပြေတာက ပြေတာပဲ ဆိုးတဲ့အတွက် အပြစ်တော့ ပေးရမှာပဲ..."
"Daddyကလည်းး...သားက-"
"တိတ်တော့ Baekhyun။ ဆင်ခြေပေးတာ Daddy မကြိုက်ဘူးနော်..."
ပိတ်ပြောခံလိုက်ရတဲ့အတွက် နှုတ်ခမ်းလေးဆူကာ မျက်နှာလေးအောက်ငုံ့သွားလေသည်။
"Daddy.ကို သေချာကြည့်စမ်း..."
ကလေးမျက်နှာကို မေးဖျားလေးက ဆွဲယူကာ ပင့်တင်လိုက်ပြီး Chanyeol မျက်လုံးတွေကို ကြည့်စေလိုက်တယ်။
"ကိုယ်လုပ်ခဲ့တဲ့ အမှားအတွက် ကိုယ်တာဝန်ယူရမယ်လို့ ပြောထားလား မပြောထားဘူးလား..."
မျက်လုံးလေးတွေကို Chanyeol မျက်လုံးများ ဆီမှ အကြည့်လွှဲကာ ဖြေလာသည်က...
"ဟု.တ်.."
"Daddy.ကို ကြည့်ပြီး သေသေချာချာ ပါးစပ်ကဖြေ။ ပြောထားလား မပြောထားဘူးလား.."
"ပြောထားပါတယ် Daddy..."
"ဟုတ်ပြီ။ အိမ်ရောက်တာနဲ့ အိပ်ခန်းထဲ ဝင်နေ။ ဘာအမှားတွေ လုပ်ထားလဲလည်း ပြန်စဉ်းစားထား။ Daddy ပြောတာ ရှင်းလား..."
"ရှင်းပါတယ် Daddy..."
"ကောင်းပြီ..."
အိမ်ပြန်ရောက်သည်နှင့် အပေါ်ထပ် တက်သွားတဲ့ ကလေးကို ကြည့်ပြီး Chanyeolကတော့ မီးဖိုခန်းထဲ ဝင်လာလိုက်သည်။ မီးဖိုချောင် မီးလောင်နေပုံမထောက်ရင်တော့ အရမ်းကြီး မဆိုးတဲ့ ပုံပါပဲ။
သို့ပေမယ့် မီးဖိုခန်း အဝမှာတင် Chanyeol ခါးထောက်လိုက်ကာ သက်ပြင်းချရသည် အထိ မြင်ကွင်းက ဆိုးဝါးနေသည်။ ဘေစင်ဇလုံထဲ၌ ဆန်တွေ ပွကျဲနေသလို အောက်ကြမ်းပြင်မှာလည်း ဆန်တွေ ပြန့်ကျဲနေသည်။ ရာဘာလက်အိတ်မှာလည်း ဆန်တွေကပ်နေသလို ဆပ်ပြာဘူးကြီးကလည်း မှောက်လို့။

KAMU SEDANG MEMBACA
Daddy's Baby Boy
Fiksi PenggemarKနိုင်ငံရဲ့ နိုင်ငံကျော် ဒိတ်ဒိတ်ကျဲ အဆိုတော် ရုပ်ရှင်သရုပ်ဆောင် ကမ္ဘာကျော် LOEY clothing brand အပါအဝင် shopping mall, hospital, hotel,private school,bankစသည့် လုပ်ငန်းအစုအစုရဲ့ ရှယ်ယာ အများဆုံး ရှယ်ယာရှင် LOEY Entertainment ရဲ့ CEO စသည့် ဂုဏ္ပုဒ္မ်...