Part-46

9.8K 1.1K 90
                                    

Zawgyi

.
.
.
.

"ဟုတ် Ge။ အင်း ကျွန်တော်သွားကြည့်ပေးပါ့မယ်။ ဟုတ် စိတ်ချပါ Ge..."

"ဘယ်သူဆက်တာလဲ ငယ်..."

ဖုန်းကျသည်နှင့် Tao နောက်သို့ရောက်လာကာ နောက်ကျောဘက်မှနေ၍ ခါးကိုဖက်ကာ မေးမြန်းလာသည့် Yifan။

"Chanyeol Ge ဆက်တာ..."

ခါးပေါ်မှာရှိနေတဲ့ Yifanရဲ့ လက်ဖမိုးပေါ်သို့ Tao.လက်ဖြင့် ပြန်လည်အုပ်ကိုင်ကာ မေးခွန်းကိုဖြေလိုက်သည်။

"ဘာကိစ္စနဲ့..."

"X Electronics Group ကိစ္စ။ Chanyeol Geက သူတို့ဘက်ကိုစောင့်ကြည့်နေတာလေ..."

"အင်း အဲ့ဒီတော့..."

"သူတို့ဘက်က လူတစ်ချို့ Hainya နိုင်ငံကို အဝင်အထွက်လုပ်နေတာ တွေ့လို့ Chanyeol Geက ကျွန်တော့်ကို တစ်ချက်လောက် သွားစစ်ပေးဖို့ ပြောတာ..."

"Hainya?..."

Yifanက စဉ်းစားသလိုပြုတော့ Tao က အကြောင်းသိစွာဖြင့်...

"ထူးဆန်းတယ်မလား ကိုကို..."

"အင်း...ထူးဆန်းတယ် ငယ်။ Hainyaလို နိုင်ငံမျိုးဆီက ဘာတွေများ ရနိုင်လို့ ဒီလိုနာမည်ကြီးလုပ်ငန်းတစ်ခုက ဝင်ထွက်နေတာလဲဆိုတာ စဉ်းတော့စဉ်းစားစရာပဲ..."

မိုးခေါင်ရေရှားပြီး သဘာဝသယံဇာတ ရှားပါးသည်ကြောင့် ဆင်းရဲသောနိုင်ငံများတွင် တစ်နိုင်ငံအဖြစ် ပါဝင်နေသည့် Hainya နိုင်ငံသို့ X Electronics Groupမှ အထက်ပိုင်း ပုဂ္ဂိုလ်တစ်ချို့ အဝင်အထွက်ပြုနေသည်က မသင်္ကာစရာကိစ္စတစ်ရပ်ပင်။

"အဲ့ဒါကြောင့် Ge က ကျွန်တော့်ကိုသွားကြည့်ခိုင်းတာပေါ့။ ပြောရရင် သူကိုယ်တိုင်တောင် သွားချင်နေတာ။ ဟန်းယန်းတောင် ရောက်နေလို့သာ ကျွန်တော့်ကို လွှတ်လိုက်ရတာ..."

"ဒါနဲ့...အဲ့ဒီနယ်မြေက ဒုစရိုက်မှုတွေများတယ်မလား။ ဥပဒေတောင် သူတို့ဆီမှာ ဘောင်မဝင်ဘူး..."

"ဟုတ်တယ် ကိုကို။ နယ်မြေက မသန့်လို့ အငယ်တွေကိုလည်း သွားခိုင်းလို့မဖြစ်ဘူး။ X Group ဘက်က လူတွေ သတိထားမိသွားမှာလည်း စိုးရတယ်လေ။ အဲ့ဒါကြောင့် ကျွန်တော်ကိုယ်တိုင်သွားဖြစ်တာ..."

Daddy's Baby BoyDonde viven las historias. Descúbrelo ahora