Zawgyi
.
.
.
.LOEY Ent.ရဲ့ Rookieတွေကို မိတ်ဆက်ပေးခြင်းက LOEY Ent. stanတွေကြားမှာ ဂယက်ထခဲ့လေသည်။ စီနီယာ Idolတွေရဲ့ Fanတွေကလည်း အသစ်တက်လာမယ့် Rookieတွေကိုလက်ကမ်းကြိုဆိုကြပြီး Stanရန် အသင့်ဖြစ်နေကြသည်။
အခုမှ စတင်မိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပေမယ့် Fanတွေရဲ့ တုံ့ပြန်မှုက မဆိုး။ Fan pageတွေတောင် ကောက်ဖွင့်နေကြပြီဖြစ်သည်။ Debut မည်ဆိုပါက Fanbaseထောင်ရန်ပင် စောင့်နေကြသည့် fanများပင် ရှိသေးသည်။
လတ်တလောတွင်တော့ Whiz-kidကို အဖွဲ့လိုက် မိတ်ဆက်ပေးထားခြင်းမပြုသေးပဲ တစ်ယောက်ချင်းစီမိတ်ဆက်ပေးချင်းဖြစ်သည်။ တစ်ဦးချင်းစီကို Activity အနည်းငယ်စီ လုပ်ဆောင်ခိုင်းထားသည်ကြောင့် Fanတွေနှင့်လည်း အဆက်မပြတ်ခဲ့ပေ။
Whiz-kid အဖွဲ့သားတွေအတွက် ဒီလနှင့်နောက်လ လုပ်ရမည့် Activityတွေကို အစီအစဉ်ချပေးနေရင်းမှ ကုတင်ပေါ်တွင် Game ထိုင်ဆော့နေသော ကလေးကို Chanyeolလှမ်းကြည့်လိုက်သည်။
မနက်ဖြန်နေ့လည်တွင် ကျောင်းလေ့လာရေးခရီးကို သွားရမည့်ကလေးက ဒီနေ့ညနေပိုင်းတွင် Companyမှ ပြန်လာကာ အဝတ်အစားတွေ ထုပ်ပိုး၍ ကုတင်ပေါ်တက်ကာ Gameဆော့နေသည်။ စာမေးပွဲမဖြေမီအပန်းဖြေ လေ့လာရေးခရီးထွက်ကြမည်ဖြစ်ရာ သူလည်းလိုက်ချင်ပါသည်ဟုပြောသော ကလေးကြောင့် ဒီခရီးကို Chanyeol မလွှတ်ချင်ပဲ လွှတ်လိုက်ရသည်။
နာမည်ကြီးလာလေ သူငယ်ချင်းတွေနှင့်ခရီးထွက်ဖို့က ရှားလေ ဖြစ်တာကြောင့် အနုပညာအလုပ်တွေနှင့် မရှုပ်ခင် ခရီးသွားဖို့ Chanyeolသဘောတူလိုက်သည်။
Chanyeolကိုယ်တိုင် လိုက်ကာ စောင့်ရှောက်ပေးချင်ပေမယ့် တိုက်တိုက်ဆိုင်ဆိုင်ပင် Running Man ရိုက်ကူးရမည့်နေ့နှင့် တိုက်နေပြန်ပါသည်။ ဒါကြောင့် အရင်ကတည်းက ကလေးအား စောင့်ရှောက်နေကြဖြစ်သည့် Bodyguard နှစ်ယောက်ကိုသာ သေသေချာချာစောင့်ကြည့်ပေးရန် မှာထားရသည်။"Babe ထမင်းသွားစားစမ်း။ ရှစ်နာရီ ထိုးနေပြီမလား..."
"ဟုတ် Daddy.."
ညနေပြန်ရောက်ထဲက ထမင်းမေ့ဟင်းမေ့ကာ Gameဆော့နေသည့် ကလေးကို ထမင်းသွားစားရန် မှာရသေးသည်။

ESTÁS LEYENDO
Daddy's Baby Boy
FanfictionKနိုင်ငံရဲ့ နိုင်ငံကျော် ဒိတ်ဒိတ်ကျဲ အဆိုတော် ရုပ်ရှင်သရုပ်ဆောင် ကမ္ဘာကျော် LOEY clothing brand အပါအဝင် shopping mall, hospital, hotel,private school,bankစသည့် လုပ်ငန်းအစုအစုရဲ့ ရှယ်ယာ အများဆုံး ရှယ်ယာရှင် LOEY Entertainment ရဲ့ CEO စသည့် ဂုဏ္ပုဒ္မ်...