Zawgyi
.
.
.
.Park Chanyeolတို့ နှစ်ယောက်ရဲ့ Live videoဟာ တော်တော်လေးကို ကိစ္စကြီးသွားခဲ့တယ်။ VLiveမှာ ကြည့်ရှူသူအများဆုံး 1stနေရာ winခဲ့ပြီး နိုင်ငံအတွင်းမှာသာမက ပြည်ပမှာပါ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့တယ်။
ဒီလိုလူသိရှင်ကြား Confirmလိုက်ရတဲ့ ကောင်းကျိုးကတော့ Park Chanyeolရော Byun Baekhyunပါ Gay Coupleအဖြစ် နာမည်ကြီးသွားတာပါပဲ။
ဆိုးကျိုးကတော့ တော်တော်လေးကိုများလှတယ်။ Brand Ambassador အဖြစ် Park Chanyeol တို့နှစ်ယောက်နဲ့ လက်တွဲခဲ့တဲ့ Companyတော်တော်များများက ဆက်ပြီးတော့ လက်မတွဲကြတော့ပေ။ တစ်ချို့ကြိုချိတ်ပြီးသားဖြစ်တဲ့ ကြော်ငြာတွေ Magazineတွေမှာလည်း Park Chanyeolနဲ့ Byun Baekhyunကို ထည့်မရိုက်ဖို့ ဖြစ်လာခဲ့တယ်။
အလုပ်ကိစ္စ တော်တော်များများ ဖျက်လိုက်ရပေမယ့်...ကိစ္စ မရှိပါဘူးလေ။ အဲ့ဒီ Companyတွေကို Park Chanyeolတို့အစား အားရပါးရဆဲပေးမည့် fan ထုကြီးက ရှိနေပြန်တယ်။
နောက်ပိုင်းလူငယ်တွေ ပွင့်လင်းမြင်သာလာတာနဲ့ အမျှ LGBTကို ဖိနှိပ်ကြတဲ့ ဘယ်သူကိုမဆို သူတို့ကလည်း ဝိုင်းဖိနှိပ်ပြောဆိုဖို့ အတွက်ရဲလာကြတယ်။ Park Chanyeolတို့နဲ့ စာချုပ်ဖျက်ခဲ့တဲ့ Companyတွေဟာ နာမည်ကောင်းရရမယ့်အစား 'လူ့အခွင့်အရေး ဖိနှိပ်သူ' ဆိုတဲ့ နာမည်ဆိုးတွေကိုသာ ရရှိခဲ့တယ်။
Fandomထဲမှာလည်း အဝင်အထွက်တစ်ချို့ ရှိခဲ့တယ်။ Park Chanyeol နဲ့ Byun Baekhyunကို တစ်ဦးချင်းစီ OCပြီး ချစ်ကြိုက်သူတွေထဲမှာ တစ်ချို့ကတော့ ရင်ကွဲနာကျပြီး fanအဖြစ်မှ နုတ်ထွက်သွားကြပေမယ့် တော်တော်များများကတော့ Park Chanyeolနဲ့ Byun Baekhyunကို သဘောတူလက်ခံပေးတဲ့ ChanBaek HCများအဖြစ် ကျန်နေခဲ့ကြတယ်။
လျော့သွားတဲ့ fanတွေနေရာမှာ အစားထိုးဝင်လာတဲ့ fanတွေလည်း များပြားလာခဲ့တယ်။ SNSတွေပေါ်မှာတက်လာတဲ့ Park Chanyeolနဲ့ Byun Baekhyunတို့ရဲ့ လိုက်ဖက်မှုရှိလှတဲ့ ရိုဆန်ဆန်ပုံရိပ်တွေက ထို fan အများစုကို ဆွဲဆောင်သွားပုံရတယ်။
'Perfect Couple'လို့ အော်ပြီးတော့ကို Fandomထဲ ဝင်လာကြသည်က ခပ်များများပင်။ဒီလိုမျိုး ထောက်ခံသူတွေရှိသလို ကန့်ကွက်တဲ့ လူထုကလည်း မနည်းလှပါဘူး။ ရှေးရိုးစွဲတွေ ထွန်းကားနေဆဲ နိုင်ငံဖြစ်တာကြောင့် လိင်တူနှစ်သက်မှုကို ကန့်ကွက်ကြတဲ့လူတော်တော်များများဟာ သက်ကြီးပိုင်းတွေ ဖြစ်ကြတယ်။ သက်လတ်ပိုင်းတွေ ဆိုရင်လည်း တောရွာမှာနေတဲ့လူ ဟုတ်ရင်ဟုတ်၊ မဟုတ်ရင် တစ်ဖတ်ပိတ်တွေ ဖြစ်နေတတ်တယ်။

VOUS LISEZ
Daddy's Baby Boy
FanfictionKနိုင်ငံရဲ့ နိုင်ငံကျော် ဒိတ်ဒိတ်ကျဲ အဆိုတော် ရုပ်ရှင်သရုပ်ဆောင် ကမ္ဘာကျော် LOEY clothing brand အပါအဝင် shopping mall, hospital, hotel,private school,bankစသည့် လုပ်ငန်းအစုအစုရဲ့ ရှယ်ယာ အများဆုံး ရှယ်ယာရှင် LOEY Entertainment ရဲ့ CEO စသည့် ဂုဏ္ပုဒ္မ်...