Zawgyi
.
.
.
.'ဝုန်း!!' ဆိုတဲ့ အသံနှင့်အတူ တံတားပေါ်မှ မြစ်ထဲပြုတ်ကျသွားသော ကားတစ်စီး။
ကားတစ်စီးလုံး တံတားပေါ်က ထိုးကျကာ မြစ်ရေထဲကျလျှင်ကျချင်း Chanyeol ပထမဆုံး လုပ်မိသည့် အရာကတော့ လက်နက်များထားသည့် ကားနောက်ခန်းထဲမှ ကြိုးတစ်ချောင်းကို ဆွဲယူကာ ကလေးငယ်ဆင်းသွားသည့် တံခါးဘက်မှ လျှင်လျှင်မြန်မြန်ထွက်လိုက်ခြင်းပင်။
ထို့နောက် ရေကူးကာ ကားအရှေ့ခန်းမှ သတိလစ်နေပြီဖြစ်သော Tao.ဆီသို့ သွားရသည်။ ကားထဲသို့ ရေတွေအများကြီးဝင်မလာခင် ကားတံခါးကို ဆွဲဖွင့်ကာ ခါးပတ်ကိုဖြုတ်၍ ကားထဲမှ Tao.၏ ခန္ဓာကိုယ်ကို ရေပေါ်သို့ ဆွဲယူလိုက်သည်။
နှစ်ယောက်လုံး ရေထဲသို့ရောက်သည်နှင့် ကူးခတ်ဖို့ပင် အချိန်မရပဲ သန်လွန်းလှသော မြစ်ရေစီးထဲသို့ မျောပါနေရသည်မှာ နစ်မြှုပ်နေဆဲဖြစ်သော ကားနဲ့ တော်တော်လှမ်းလှမ်းကိုပင် ရောက်လေသည်အထိ။
လေပြင်းမုန်တိုင်းကြောင့် ရေစီးကသန်လွန်းနေသည်ဖြစ်ရာ Tao.ကိုထိန်းထားရသော Chanyeolအနေနှင့် ထိုမြစ်ရေစီးကို ဆန်တက်ပြီး ကူးဖို့ရာ မဖြစ်နိုင်ချေ။
ထို့ကြောင့် မြစ်ရေစီးကြောင်းအတိုင်း မျောပါရာနောက်သို့ အလိုက်သင့် ကူးခတ် လိုက်သွားဖို့ရန်သာ ဆုံးဖြတ်လိုက်သည်။
Tao.ကို ကျောပေါ်တွင် တင်ရင်း လက်တစ်ဖက်ဖြင့်ထိန်းကိုင်ကာ Tao.ခန္ဓာကိုယ်နှင့် Chanyeol၏ ခန္ဓာကိုယ်ကို ယူဆောင်လာသော ကြိုးဖြင့် ပူးကပ်ချည်လိုက်ပြီး...ကိုယ့်ခန္ဓာကိုယ်ကို ရေထဲပေါ်နေအောင် လက်နှင့် ခြေထောက်များကိုလည်း အလုပ်ပေးထားရသည်။
ကျောပေါ်တွင်ရှိနေသော Tao.ခန္ဓာကိုယ်နှင့် Chanyeol.ခန္ဓာကိုယ်ကို ကွဲကွာသွားအောင် ထိုးခွဲနေသည့် ရေလှိုင်းလုံးများ၏ ရိုက်ခတ်ဒဏ်ကို အန်တုရင်း Tao၏အလေးချိန်ကို ထိန်းကာ ကိုယ်ကိုယ်တိုင်လည်း ရေပေါ်ပေါ်နေအောင် ကြိုးစားရုန်းကန်နေရသည်။
လှိုင်းလုံးများအကြား မျောပါရင်းမှ ရေများက နား၊နှာခေါင်း၊ မျက်လုံးနှင့် ပါးစပ်တို့ထဲသို့ ဝင်နေသည်ဖြစ်ရာ Chanyeol အတွက် ခက်ခဲသည့်အခြေအနေဖြစ်နေသည်။

ESTÁS LEYENDO
Daddy's Baby Boy
FanfictionKနိုင်ငံရဲ့ နိုင်ငံကျော် ဒိတ်ဒိတ်ကျဲ အဆိုတော် ရုပ်ရှင်သရုပ်ဆောင် ကမ္ဘာကျော် LOEY clothing brand အပါအဝင် shopping mall, hospital, hotel,private school,bankစသည့် လုပ်ငန်းအစုအစုရဲ့ ရှယ်ယာ အများဆုံး ရှယ်ယာရှင် LOEY Entertainment ရဲ့ CEO စသည့် ဂုဏ္ပုဒ္မ်...