Zawgyi
.
.
.
."Park Chanyeolနဲ့ Baekhyunနဲ့က ဘာတွေလဲ?.."
"လိုင်းပေါ်မှာ ပြောနေကြတာတွေက တကယ်လား?..."
LOTJ ထုတ်လွှင့် ပြသပြီးပြီးချင်း တက်လာတဲ့ပိုစ့်တွေက question mark(?)ပေါင်းများစွာနဲ့။
လူတော်တော်များများက နားမလည်နိုင်ဖြစ်နေသလောက် HCတွေကတော့ တော်တော်လေးကို ပျော်မြူးနေကြပါတယ်။
"အမလေး အသည်းယားလိုက်တာ!!..တစ်ယောက်ကလည်း သူ့ကလေးကို တစ်ချက်လေးတောင် မျက်လုံးမလွှဲပဲ ဂရုစိုက်ပေး။ တစ်ယောက်ကလည်း ထင်းတွေခုတ်နေတဲ့ သူ့ကိုကိုရဲ့မျက်နှာကိုငေးပြီး ပြုံးလိုက်၊ လက်မောင်းသားကြီးကိုကြည့်ပြီး ဂုဏ်ယူနေတဲ့ မျက်နှာပေးဖြစ်လိုက်နဲ့။ သူ့တို့နှစ်ယောက် ဘာတွေဖြစ်နေကြတာလဲ ငါ့ရှင်းပြစမ်းပါဟယ်!!.."
"Oh God!!..အပင်ပေါ် သရက်သီးတက်ခူးတဲ့ momentက ငါ့ကို အသေ သတ်နေတာပဲ!!..."
"ကြည့်ကြစမ်းပါဦး။ Park Chanyeolတို့များနော် သူ့ကလေးကို ကြက်ပေါင်လှမ်းပေးတော့ ပူမှာစိုးလို့ လေနဲ့မှုတ်ပေးပြီးမှပေးတယ်။ တခြားသူတွေကိုတော့ ဘာဖြစ်ဖြစ်ဆိုပြီး ဒီတိုင်းပေးလိုက်တယ်။ ကဲ...ငါ သူတို့နှစ်ယောက် မင်္ဂလာပွဲတက်ဖို့ အင်္ကျီ သွားချုပ်ထားလိုက်ရတော့မလား..."
စသည်စသည်ဖြင့် momentပေါင်းများစွာက HCတွေ အကြား ဂယက်ထလျက်ရှိသည်။
ထို့ပြင် HCတို့၏ ပိုစ့်များသည် HC အချင်းချင်း ကြားထဲသာမက၊ HCမဟုတ်သောသူများ အကြားတွင်ပါ နာမည်ကြီးလာသည်။
Likeအများဆုံးနှင့် နာမည်အကြီးဆုံး ပိုစ့်တစ်ခုကတော့ LOTJမှ Chanyeolနှင့် Baekhyunနှစ်ယောက်သားချည်းပဲ သီးသန့် editလုပ်ထားသည့် Videoဖြစ်ပြီး...
ပို၍နာမည်ကြီးသွားစေသည်က ထိုvideoအတွက် တပ်ပေးထားသည့် Caption ကြောင့်ပင်။ ထိုနာမည်ကြီး Captionကတော့...
*နိုင်ငံကျော် အနုပညာရှင်Park Chanyeolနှင့် တက်သစ်စ နာမည်ကြီးWhiz-kid အဖွဲ့ဝင် Baekhyunတို့နှစ်ယောက် ပါဝင်ထားသော...The Return of Superman အပိုင်းသစ်!!
(P.S. လျှာမရှည်နဲ့! ဒါ LOTJ မှန်း ငါသိတယ်! သူတို့နှစ်ယောက် လုပ်နေပုံက Return of Supermanထဲက သားအဖတွေထက် ပိုပြီး သဲ..ကဲပြ နေလို့ ဒီလို Caption တပ်ပေးထားတာ။ သဘောပေါက်!!)*

ESTÁS LEYENDO
Daddy's Baby Boy
FanfictionKနိုင်ငံရဲ့ နိုင်ငံကျော် ဒိတ်ဒိတ်ကျဲ အဆိုတော် ရုပ်ရှင်သရုပ်ဆောင် ကမ္ဘာကျော် LOEY clothing brand အပါအဝင် shopping mall, hospital, hotel,private school,bankစသည့် လုပ်ငန်းအစုအစုရဲ့ ရှယ်ယာ အများဆုံး ရှယ်ယာရှင် LOEY Entertainment ရဲ့ CEO စသည့် ဂုဏ္ပုဒ္မ်...