Zawgyi
.
.
.
."မသွားရဘူး.."
"ဟာ...Daddyကလည်း။ ဒီတစ်ခေါက်ပဲလေနော်..နော်။ နောက်တစ်ခါ မသွားတော့ပါဘူး။ ဒီတစ်ခေါက်လေးပဲ ခွင့်ပြုပေးပါလို့..နော်..Daddy..."
"မသွားရဘူးလို့ Daddyပြောနေတယ်လေ။ ဂျီမတိုက်နဲ့တော့..."
"ဟင့်...Daddyကလည်း။ သူများတွေကိုကျတော့ Running Manမှာ သွားပြိုင်ခိုင်းတယ်။ သားကိုကျတော့ ဟိုလည်း မသွားခိုင်း၊ ဒီလည်း မသွားခိုင်းနဲ့။ Daddy မတရားဘူး။ အဟင့်.."
အလုပ်စားပွဲပေါ်က ဖိုင်တွဲတွေကို ကြည့်ကာ အလုပ်လုပ်နေရင်းမှ အောက်ကြမ်းပြင်တွင် အားရပါးရထိုင်ချကာ Chanyeolခြေသလုံးကို လက်နှစ်ဖက်နှင့်ရော၊ ခြေထောက်နှစ်ချောင်းနှင့်ပါ ဖက်တွယ်၍ ဂျီကျနေလေသော ကလေးငယ်ကို Chanyeol ငုံ့ကြည့်လိုက်သည်။
မျက်တောင်တိုတို စိပ်စိပ်လေးတွေပေါ် အထိတောင် တွဲလဲခိုနေသော မျက်ရည်ဥလေးတွေက တလက်လက်တောက်ပနေသော မျက်ဝန်းလေးတွေကို လှပမှုတို့ ပိုမိုထောက်ပံ့နေသည်။
"..ရွှတ်.."
Chanyeol ခြေသလုံးကို ဖက်ကာ လှုပ်ရမ်းနေရင်း နှာခေါင်းမှစီးကျလာတဲ့နှာရည်တွေကို လက်နှင့် ရွှတ်ခနဲမြည်အောင် သုတ်သည်။ ထိုလက်နဲ့ပဲ Chanyeolခြေထောက်က ဘောင်းဘီစကို ကိုင်သည်။
"ဖျားနေလို့ မသွားခိုင်းတာလေကွာ။ Babeနေကောင်းနေရင် Daddyက သွားခိုင်းမှာပေါ့။ အခု နေမှမကောင်းတာ..."
နှာခေါင်းတရှုံ့ရှုံ့နှင့် နှာရည်တို့ကို ပြန် ပြန်သွင်းနေသော ကလေး၏ နှာခေါင်းပေါ်သို့ တစ်ရှူး တစ်ရွက်တင်ကာ ညှစ်ပေးလိုက်ရင်း ဂျီကျနေသောကလေးကို Chanyeol နှစ်သိမ့်စကားဆိုလိုက်သည်။
ယနေ့တွင် ဒီကလေးမှ လွဲ၍ Whiz-kidတစ်ဖွဲ့လုံး Running Man အစီအစဉ်တွင် သွားရောက်ယှဉ်ပြိုင်ကြသည်။ အစက ဒီကလေးပါ ပါဝင်ရန် စီစဉ်ထားသော်လည်း အပူရှပ်ကာ နေမကောင်းဖြစ်သွားသောကြောင့် မပါဝင်လိုက်ရဘဲ Companyတွင် သူတစ်ယောက်တည်းကျန်နေခဲ့လေသည်။
ထိုသို့ တစ်ယောက်တည်းကျန်ခဲ့သော ကလေးက Chanyeol ရုံးခန်းတွင် လာရောက်သောင်တင်ကာ Chanyeolကို ဂျီကျလေတော့သည်။

أنت تقرأ
Daddy's Baby Boy
أدب الهواةKနိုင်ငံရဲ့ နိုင်ငံကျော် ဒိတ်ဒိတ်ကျဲ အဆိုတော် ရုပ်ရှင်သရုပ်ဆောင် ကမ္ဘာကျော် LOEY clothing brand အပါအဝင် shopping mall, hospital, hotel,private school,bankစသည့် လုပ်ငန်းအစုအစုရဲ့ ရှယ်ယာ အများဆုံး ရှယ်ယာရှင် LOEY Entertainment ရဲ့ CEO စသည့် ဂုဏ္ပုဒ္မ်...