MARS 2 (Unicode)

12.4K 1.2K 116
                                    

"ရိပေါ်ကို ဘတ်စကတ်ဘောအသင်းထဲပါဖို့ခေါ်တာ ငြင်းလွှတ်လိုက်တယ်"

"အဲ့ကောင်နဲ့ သွားမရှုပ်စမ်းပါနဲ့ကွာ"

"သူက တကယ်ဆော့တတ်တာဟေ့ကောင် မြင်တယ်မလား"

"ဒါပေမယ့် သူက ဆိုင်ကယ်ပြိုင်ပွဲဝင်ဖို့ လေ့ကျင့်နေတာနဲ့မအားဘူးဆို"

"ဟင်. . သူက ပြိုင်ပွဲပါဝင်သေးတာလား"

"16 နှစ်ကတည်းက Suzuki 4 hour long track ချန်ပီယံဆို"

"ဝိုး. .တကယ်ကြီးလား မိုက်လိုက်တာ"

"သူကျလည်း တကယ်မိုက်နေတာပဲ။ ဆိုင်ကယ်လဲမောင်း ဘတ်စကတ်ဘောဆော့တာလဲကောင်း စော်ကလဲကြည်"

"သူတွဲနေတဲ့စော်က တက္ကသိုလ်ကဆို။ ဝမ်းချင်တော့ ဆွေ့ဆွေ့ခုန်နေမှာပဲ"

"အဲ့ကောင်က စားဘဲ"

မနက်စောစော ကျောင်းရောက်နေရခြင်းက အဲ့လို တောင်ရောက်မြောက်ရောက် အတင်းတုပ်တာတွေကို စိတ်မဝင်စားလဲ နားထောင်ရတဲ့ဘဝပင်။ သူ့ဘေးက ကျောင်းသားတသိုက်ကတော့ ရှောင်းကျန့်ကို ဂရုပြုမိပုံလဲမပေါ်။ ဂရုပြုမိလဲ ဂရုစိုက်မှာမဟုတ်ပါ။ ရှောင်းကျန့်လဲ နဂိုကတော့ သူတို့ဘာပြောနေနေ စိတ်မဝင်စားပေမယ့် ရိပေါ်အကြောင်းဆိုတော့ အလိုလို နားစွင့်မိသည်။

သူတို့ပြောနေတဲ့ရိပေါ်က ရှောင်းကျန့်သိတဲ့ရိပေါ်နဲ့တော့ ကွာခြားနေသည်။

"ကျန့်ကော ဒါပြန်လိုချင်လား"

ရှောင်းကျန့်ရဲ့ ပန်းချီအခန်းထဲကို ရိပေါ်ထပ်ရောက်လာသည်။ သူ့လက်ထဲမှာ ရှောင်းကျန့်ရဲ့ အမေနဲ့ကလေးပုံ ခဲခြစ်ပန်းချီထည့်ထားတဲ့ ပလက်စတစ်ဖိုင် အကြည်လေးနဲ့။ သူက ရိပေါ်ထက် တစ်နှစ်ကြီးတယ်ဆိုတာ သိပြီးနောက်မှာ ရိပေါ်က ဘာကြောင့်မှန်းမသိ သူ့ကို မင်းနဲ့ငါ မပြောတော့ပဲ ကျန့်ကော လို့ ပြောင်းခေါ်သည်။

"ဟင့်အင်း မယူတော့ပါဘူး။ ငါက အာ့ကို ဆီဆေးဆွဲဖို့အတွက်ပုံကြမ်းဆွဲထားတာ။ ကင်းဗတ်မှာ ပုံကြမ်းဆွဲပြီးရင် မလိုတော့ဘူး"

"ဒါဆို ငါသိမ်းထားမယ်နော်"

ဒီပန်းချီကားကို အရမ်းသဘောကျနေမှန်း သူ့မျက်ဝန်းတွေက ဖော်ပြနေသည်။

MARSحيث تعيش القصص. اكتشف الآن