MARS 4 (Unicode)

10K 1K 63
                                    

"ကျန့်ကော"

သူကျောင်းဝင်းထဲဝင်ခါနီး အနောက်မှာ ဆိုင်ကယ်ထိုးရပ်သံနဲ့ ရိပေါ်ရောက်လာသည်။ ရှောင်းကျန့်က လှည့်ကြည့်တော့ သူ့မျက်နှာက ခပ်အမ်းအမ်းနဲ့ တခုခုကိုစကားစဖို့ ခက်နေသလို

"ကျန့်ကော မနေ့ညကလေ"

"လက်ပတ်ပြန်ယူချင်လို့လား"
သူလက်ထောင်ပြပြီးမေးတော့ ရိပေါ်က ခေါင်းခါပြီး

"မယူပါဘူး။ နမ်းတဲ့ကိစ္စပြောမလို့။ ကျန့်ကော တမျိုးမထင်နဲ့လို့။ ကျွန်တော် အမေရိကားမှာနေတုန်းက အဲ့လိုပဲ။ ဘာရယ်မဟုတ်ဘူး သူငယ်ချင်းအချင်းချင်း ခင်တယ်ဆိုလဲ နမ်းတာပဲ။ အဲ့ဒါ. . ."

"အင်း ဘာမှစိတ်မပူနဲ့ ငါနားလည်တယ်"

"ကျန့်ကော စိတ်မဆိုးဘူးမလား"

သူပြုံးပြီးခေါင်းခါပြတော့ ဆိုင်ကယ်ကိုတရကြမ်းမောင်းထွက်သွားတဲ့ ရိပေါ်ကိုကြည့်ပြီးသက်ပြင်းချလိုက်သည်။ သူပြုံးနေရပေမယ့် အနည်းငယ်တော့ နာကျင်ရပါသည်။ ဒါပေမယ့် သူလက်ခံရမယ်မလား။ ရိပေါ်ကယောကျာ်းလေးလေ။ အခိုက်တန့်လေး ခံစားချက်ကြောင့် နမ်းမိတာ နဲ့ သူက ရှောင်းကျန့်ကို ရည်းစားလိုသဘောထားမယ် မတွေးသင့်ဘူးမလား။

ရိပေါ်က သူတို့ကျောင်းပြောင်းလာကတည်းက နာမည်ကြီးတဲ့သူ။ သူ့ရဲ့ ခပ်ဆိုးဆိုးဂျစ်တစ်တစ်ပုံစံလေးကိုက မိန်းကလေးတွေကို ပိုဆွဲဆောင်နိုင်တာဖြစ်မည်။ ဒါပေမယ့် ရှောင်းကျန့်သိတဲ့ ရိပေါ်ကတော့ ဂရုစိုက်တတ်သည်။ သူ့အပေါ်ကာကွယ်မေးချင်သည်။ ပြီးတော့ နူးညံ့သည်။

ဒါကြောင့်ရှောင်းကျန့်ကရော ရိပေါ်ကို သဘောကျလားလို့မေးရင် သူလဲသဘောကျတယ်လို့ဖြေရမှာပဲ။ ဒါပေမယ့် နှစ်ယောက်လုံးက ယောကျာ်းလေးတွေမို့ သဘောကျတာထက်ဘာပိုနိုင်မှာလဲ။ ရှောင်းကျန့်အတွက်ကတော့ ရိပေါ်အနားမှာ နေလို့ရသမျှနေချင်သည်။ တချိန်ချိန်မှာ ရိပေါ်က အနှောင့်အယှက်ဖြစ်တယ် ထွက်သွားပါတော့လို့တောင်းဆိုလျှင် ထွက်သွားမည်။ အခုတော့ ရိပေါ်ရဲ့ အညိုဖျော့ဖျော့မျက်ဝန်းတွေကိုသူမြင်ချင်လှသည်။

"ရိပေါ် နည်းနည်းခေါင်းမော့ပါလား"

ရှောင်းကျန့်ကပြောလဲ ရိပေါ်က ဖုန်းကနေမျက်လုံးမခွာ။ သူအိပ်မပျော်အောင် ဂိမ်းပေးဆော့ထားတာ အခုတော့ ဘယ်လိုမှကို ခေါင်းမော့ခိုင်းလို့မရတော့။ သူ့ hero သေသွားမှ ဆူပုတ်ပုတ်နဲ့ ခေါင်းမော့တော့သည်။

MARSOnde histórias criam vida. Descubra agora