ရှောင်းကျန့် အခန်းပေါက်ဝကိုကွယ်ပြီး ရိပေါ်နေရာလေးကို မျှော်ကြည့်မိသည်။ စာရေးစားပွဲပေါ်မှောက်အိပ်နေတာမို့ သူ့မျက်နှာ ဖြူဖြူလုံးလုံးလေးအစား ဆံနွယ် အညိုဖျော့ဖျော့ ဘုတ်သိုက်လေးကိုသာမြင်ရသည်။ သူ့အခုအခက်အခဲက ရိပေါ်ကို ဘယ်လို စကားစရမယ်ဆိုတာပဲ။
ကိုယ့်ကိုယ်ကို အဆုံးသတ်ဖို့ကြိုစားတဲ့ မင်းယွီက မသေပေမယ့် ဆေးရုံပေါ်မှာ နှစ်လလောက်နေရမယ့် အခြေအနေမှာရှိသည်။ အဲ့ဒီထက်ပိုလို့ သူ့ကြည့်ရတာ အကုန်လွှတ်ချလိုက်သည်ထင်သည်။ သူပန်းချီလုံးဝမဆွဲတော့လို့ ပြောလိုက်သည်။
အနုပညာရှင်ဆိုတာ တခါတရံမှာ ဖန်တီးမှုစွမ်းအင် ကျဆင်းသွားတတ်တဲ့အေုခအနေကို မလွဲမသွေကြုံတွေ့ရမယ်ဆိုပေမယ့် မင်းယွီကတော့ ထင်တာထက် ပိုစောစောကြုံလိုက်ရပုံရသည်။
အနုပညာဆရာမက မင်းယွီအစားရှောင်းကျန့်ကို လူငယ်ပြိုင်ပွဲဝင်ဖို့တိုက်တွန်းသည်။ သူ့ဘာသာသူဆိုမပြိုင်ချင်ပေမယ့် ဒီပြိုင်ပွဲမှာသာ အသိအမှတ်ပြုမှုတစ်ခုခုရရင် သူတက်ချင်တဲ့ အနုပညာတက္ကသိူလ်တက်ဖို့ စကောလားရှစ်ရနိုင်သည် ဆိုတော့ ရှောင်းကျန့် စဉ်းစားရပြီ။ သု့အတွက် ပထမဆုံးပြိုင်ပွဲဝင်ပန်းချီကို ဝမ်ရိပေါ်ကလွဲလို့ အခြားသူမဖြစ်စေချင်။
"ရတာပေါ့ ဘာလို့မရ ရမှာလဲ။ ညနေကျ ပန်းချီခန်းကိုလာခဲ့မယ်"
ညဘက်ဆို ဆောက်လုပ်ရေးမှာ အလုပ်ဆက်ဆင်းနေသလို စနေတနင်္ဂနွေဆိုလဲ မနားပဲ ဆိုင်ကယ်ကွင်းမှာ လေ့ကျင့်ရေးဆင်းရလို့ စာသင်ခန်းထဲလာအိပ်တဲ့ကောင်လေးက ရှောင်းကျန့်ကို ကူညီဖို့ကျ စွမ်းအင်တွေဘယ်ကထွက်လာလဲ မသိတော့။
"ဟိုလေ. ဒီတခါကလေ ပန်းချီခန်းမှာ ဆွဲရင် အဆင်မပြေလောက်ဘူး။ မင်းအခန်းမှာလာဆွဲလို့ရမလား"
ရိပေါ်က နှုတ်ခမ်းတစ်ဖက် တွန့်ကွေးလိုက်ရင်း
"ဘာလဲ ကျန့်ကောက ငါ့ကို တုံးလုံးမော်ဒယ်ထိုင်ခိုင်းမလို့လား"
ရှောင်းကျန့်ကရှက်ရှက်နဲ့ ခေါင်းငြိမ့်လိုက်သည်။ ရှောင်းကျန့်က နဂိုတည်းက ရှက်တတ်တဲ့သူမို့ ထားပါတော့ ရိပေါ်ကပါ တံတွေးတွေသီး ချောင်းတွေဆိုးတာ မျက်နှာကြီးပါ နီရဲပေါက်ထွက်တော့မည်။
YOU ARE READING
MARS
Fanfictionတချို့လူတွေက နူးညံ့တယ် ထင်ရပေမယ့် တကယ်တမ်းကျ ကြံ့ခိုင်တယ်။ တချို့တွေကတော့ ကြံ့ခိုင်တယ် ထင်ရပေမယ့် တကယ်တမ်းကျ မူးညံ့လွန်းလှတယ်။ တချို့လူတွေက နူးည့ံတယ် ထင်ရပေမယ့် တကယ်တမ်းကျ ကြံ့ခိုင်တယ်။ တချို့တွေကတော့ ကြ့ံခိုင်တယ် ထင်ရပေမယ့် တကယ်တမ်းကျ မူးည့ံလွန်းလှ...