"လာကြပါဦး. . ကယ်ကြပါဦး. . ဒီမှာ လူတစ်ယောက်မေ့နေလို့. . "
ရှောင်းကျန့်ပြာယာတွေခတ်ပြီး ရိပေါ်ကိုပဲ ပွေ့ချီပြီး အနီးဆုံးဆေးရုံကို ပြေးရမလိုလို။ လူနာတင်ကားပဲ ပြေးခေါ်ရမလိုလိုနဲ့။ တကယ်တမ်းကျ လက်တွေ့မှာ ဒီတိုက်အဟောင်းရဲ့ ပြိုကျလုလု စင်္ကြံလမ်းမှာ လျှောက်ပြေးနေမိတာပဲ။ဘေးအခန်းက တံခါးပွင့်လာပြီး လူတစ်ယောက်က ခေါင်းပြူကြည့်သည်။ ပြီးတော့ အတောင်ကျွတ်နေတဲ့ ကြက်လို လျှောက်ပြေးနေတဲ့ ရှောင်းကျန့်ကို လက်ကဆွဲပြီးရိပေါ်အခန်းကို ပြန်လာခဲ့သည်။
ကြမ်းပြင်ပေါ်မှာ လဲကျနေဆဲ ရိပေါ်ကို ပုခုံးကနေကိုင်ပြီး ဆေးဘူးလှုပ်သလို အားရပါးရ လေးငါးဆယ်ချက် ဆောင့်ဆွဲလှုပ်ပြီး "ဝမ်ရိပေါ် မင်းသူငယ်ချင်းလာတယ်" နားနားကပ်ပြီး မိုးကြိုးပစ်ချသလို ဆောင့်ကြီးအောင့်ကြီး အော်လိုက်တာ ရှောင်းကျန့်ပါ နားတွေအူသွားသည်။
ဒီလူရဲ့ ရှေးဦးသူနာပြုနည်းအသစ်ကျု တအံ့တသြဖြစ်နေတုန်းမှာပဲ ရိပေါ် မျက်လုံးက ဖြေးဖြေးချင်းပွင့်လာ၏။
"ကျန့်ကော"
လေသံက အားပျော့ပေမယ့် မျက်လုံးကတော့ ပြူးလာပါပြီ။ မေ့နေတာမဟုတ်ပဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ကောင်လေးအတွက် ပြာယာတွေခတ်ခဲ့တဲ့ သူ့အကြောင်းသူပြန်တွေးမိပြီး ရှောင်းကျန့် ရှက်ယမ်းတွေယမ်းတော့သည်။
"အဲ့လောက်တောင် အိပ်ရလား"
ရိပေါ်က သမ်းနေရင်းနဲ့ကို ရေချိုးခန်းထဲဝင်သွားသည်။ ပြန်အိပ်ပျော်သွားမှာစိုးလို့ဆိုပြီး ရေချိုးနေတဲ့ရိပေါ်ကို စောင့်ရင်း အခန်းထဲမှာ တခုတည်းသော ထိုင်စရာ ကုတင်ပေါ်မှာ ကုပ်ကုပ်လေးထိုင်နေလိုက်သည်။
ရိပေါ်အခန်းက တကယ့်ကို ဘုရားစူးလူနေတယ်လို့ပြောလို့ရရုံအခန်းလေး။ ကုတင်တလုံးနဲ့ စားပွဲတလုံးပဲရှိသည်။ ထိုင်ခုံလေးတောင် အပိုမရှိ။ အခန်းထောင့်နားလေးက မီးဖိုနဲ့ နံရံကပ်စင်လေးထဲတော့ အိုးတလုံးနဲ့ ပန်းကန်နည်းနည်းတွေ့ရသည်။ ရိပေါ်ပိုင်တဲ့ ပစ္စည်းရယ်ဆိုလို့လဲ ဖုန်းတလုံး၊ သူ့ကျောင်းကျောပိုးအိတ်နဲ့ အခန်းထောင့်မှာ အိတ်ထဲကတောင်မထုတ်ရသေးတဲ့ အဝတ်အစားနည်းနည်း။

أنت تقرأ
MARS
أدب الهواةတချို့လူတွေက နူးညံ့တယ် ထင်ရပေမယ့် တကယ်တမ်းကျ ကြံ့ခိုင်တယ်။ တချို့တွေကတော့ ကြံ့ခိုင်တယ် ထင်ရပေမယ့် တကယ်တမ်းကျ မူးညံ့လွန်းလှတယ်။ တချို့လူတွေက နူးည့ံတယ် ထင်ရပေမယ့် တကယ်တမ်းကျ ကြံ့ခိုင်တယ်။ တချို့တွေကတော့ ကြ့ံခိုင်တယ် ထင်ရပေမယ့် တကယ်တမ်းကျ မူးည့ံလွန်းလှ...