"ဆေးရုံဝင်ပေါက်ကဘယ်နားမှာလဲ"
ရိပေါ်မေးခွန်းက ရိုးရိုးရှင်းရှင်းပါပဲ။ သူ့ကို ရန်လီကျဲ ပြောတဲ့အတိုင်း ဘတ်စ်ကားမှတ်တိုင်မှာဆင်းပြီး ဆေးရုံကိုလာတာ။ ဝင်ပေါက်ပျောက်ပြီးလည်နေလို့ လမ်းဘေး ပန်းခြံအစပ်က သစ်ပင်အောက်မှာထိုင်နေတဲ့ လူကိုမေးမိပါတယ်။ သူ့ကို တုံ့ပြန်ကြည့်လာတဲ့ ဝိုင်းစက်စက်မျက်ဝန်းတွေက မသိရင် သူက ဓားပြတိုက်နေသလိုပဲ။
"ဆေးရုံလေ. . ဆေးရုံ မသိဘူးလား"
သူ့မျက်စိရှေ့မှာမြင်နေရတဲ့ အဆောက်အဦးနီနီကိုလက်ညှိုးထိုးပြတော့ အဲ့ဒီလူက ခေါင်းပြန်ငုံ့သွားသည်။ ပြီးတော့ စာရွက်တစ်ရွက်ပေါ် တစ်စုံတစ်ခု ခပ်မြန်မြန်ရေးခြစ်ပြီးရိပေါ်ကို ကမ်းပေးလိုက်သည်။ ရိပေါ်ကြည့်လိုက်တော့ ဆေးရုံဝင်ပေါက်ကိုသွားဖို့ မြေပုံ။ ဘာလဲဟ စကားမပြောတတ်တာများလားလို့ အဲ့ဒီလူကိုပြန်ကြည့်တော့ မရှိတော့။ ခေါင်းငုံ့ပြီး ခပ်သွက်သွက်လျှောက်သွားတဲ့ သူ့ရဲ့ ပိန်ပိန်ပါးပါးကျောပြင်ကိုသာ လှမ်းမြင်ရတော့သည်။ဆေးရုံဆေးခန်းတွေကိုရိပေါ်က မကြိုက်လှပေမယ့် ဇီရွှမ်းကောကိုတော့ တွေ့ချင်လွန်းလို့လာခဲ့ရတာ။ လူနာအခန်းတံခါးခေါက်လိုက်တာနဲ့ ရန်လီကျဲက ပြုံးပြုံးလေးတံခါးလာဖွင့်ပေးသည်။
"ဟေ့ကောင်လေး ရောက်လာပြီလား"
သူ့ကို ရွှင်ရွှင်ပြပြပဲ နှုတ်ဆက်တဲ့ ဇီရွှမ်းကောမျက်နှာကို မဝံ့မရဲနဲ့ကြည့်လိုက်သည်။ ဇီရွှမ်းကော ဆိုင်ကယ်မှောက်ပြီး ဆေးရုံတက်ရတာ တစ်ပတ်ရှိနေပေမယ့် သူက လာဖို့ တော်တော်အားတင်းနေရလို့ အခုမှရောက်ဖြစ်သည်။ ဒီလိုကျတော့လည်း ဇီရွှမ်းကော အခြေအနေက သိပ်မဆိုးပါလား။
"ဒီကိုအလာ ဝင်ပေါက်ပျောက်နေလို့ ရတနာမြေပုံကြည့်ပြီးလာရတယ်"
ရိပေါ်ရီရင်း ဘောင်းဘီထဲဖြစ်သလိုလုံးချေထည့်ထားလို့ တွန့်ကြေနေတဲ့ စာရွက်ကို လက်ညှိုးကြားထဲညှပ်ပြီးထောင်ပြတော့ ရန်လီကျဲက စိတ်ဝင်တစားနဲ့ယူကြည့်သည်။ စာရွက်ကို ရန်လီကျဲ လက်ထဲထည့်ပေးပြီးတာနဲ့ လူနာကုတင်ဘေးက ခုံမှာဝင်ထိုင်လိုက်သည်။ ဇီရွှမ်းကောက ကုတင်ပေါ်မှာ ကိုယ်တပိုင်းမှီထိုင်နေပေမယ့် သူ့ကိုလွှမ်းထားသည့်စောင်ရဲ့ ညာဘက်အောက်ပိုင်းက သိသိသာသာကို ထုထည်ကင်းမဲ့နေသည်။

ВЫ ЧИТАЕТЕ
MARS
Фанфикတချို့လူတွေက နူးညံ့တယ် ထင်ရပေမယ့် တကယ်တမ်းကျ ကြံ့ခိုင်တယ်။ တချို့တွေကတော့ ကြံ့ခိုင်တယ် ထင်ရပေမယ့် တကယ်တမ်းကျ မူးညံ့လွန်းလှတယ်။ တချို့လူတွေက နူးည့ံတယ် ထင်ရပေမယ့် တကယ်တမ်းကျ ကြံ့ခိုင်တယ်။ တချို့တွေကတော့ ကြ့ံခိုင်တယ် ထင်ရပေမယ့် တကယ်တမ်းကျ မူးည့ံလွန်းလှ...