"ကျွန်တော့်မှာ အခု ယွမ် ၁၅၀၀ အထိတော့ပါမလာဘူး။ ဒါပေမယ့် ကျွန်တော့်နာရီကို ပေးမယ်လေရလား။ ဒါက ယွမ် ၁၅၀၀ မက တန်ပါတယ်"
လေလံအဖွဲ့ကို ဈေးဆစ်ပြီး ဈေးကြီးမှန်းသိသာလွန်းလှတဲ့ နာရီကို ထိုးပေးနေတဲ့ သူတို့ကျောင်းကမဟုတ်တဲ့ ကောင်လေးကို အားလုံးက စိတ်ဝင်တစားဝိုင်းကြည့်နေကြချိန်မှာ ရှောင်းကျန့်ကတော့ စင်ပေါ်ကနေ ဆင်းပြီး ဖြေးဖြေးချင်းလျှောက်လာတဲ့ ရိပေါ်ကို ကြည့်ပြီး အတွေးတွေများနေမိသည်။
ရိပေါ်ရဲ့ မျက်နှာပေါ်မှာ ဝေခွဲမရခြင်းတွေ အံ့သြခြင်းတွေက သူငယ်ချင်းတစ်ယောက်ကို ပြန်တွေ့လို့မြင်ရမယ့် ခံစားချက်မျိုးမဟုတ်ဘူးလေ။
"ကျိရှန့်ခုံး မင်းဘယ်လိုလုပ်ဒီရောက်လာတာလဲ"
ရိပေါ်က ပုခုံးကိုဆွဲလှည့်လိုက်ချိန် အဲ့ကောင်လေးက လှည့်လာပြီး ရိပေါ်ကို သိမ်းကြုံးဖက်ထားလိုက်သည်။ သူ့ပုံစံက ရိပေါ်က ထွက်ပြေးသွားတော့မယ့် လူတစ်ယောက်လို။ သူလွှတ်ပေးလိုက်တာနဲ့ ရိပေါ်က သူ့ရှေ့က ပျောက်ကွယ်တော့မှာလို။
"ရိပေါ်. . ငါမင်းကို တွေ့ရပြီ. . . မင်းကိုငါပြန်တွေ့ရပြီ"
ဒီစကားကိုပဲ အထပ်ထပ်ပြောနေရင်း သူ့မျက်ဝန်းထဲက မျက်ရည်တွေက ပါးပေါ်စီးကျလာသည်။ ပုခုံးပေါ် မျက်နှာဝှက်ရင်း ရှိုက်ကြီးတငင်နဲ့ငိုနေတဲ့ သူ့လက်ထဲကနေ ရိပေါ်က ရုန်းထွက်လိုက်ပြီး ကြည့်နေတဲ့ မျက်ဝန်းတွေက အခုထိ မယုံကြည်နိုင်သေးသလို။ ခဏနေတော့ ရိပေါ်က သက်ပြင်းချလိုက်ပြီး ပါးပေါ်က မျက်ရည်တွေကို သုတ်ပေးတော့ အဲ့ကောင်လေးက အူကြောင်ကြောင်နဲ့ ရီပြန်သည်။
"မင်းက ကလေးလဲမဟုတ်ဘူး မငိုနဲ့တော့"
"ဒီလောက်အကြာကြီးနေပြီးမှ မင်းကိုပြန်တွေ့ရတာ မငိုပဲဘယ်လိုနေရမလဲ"
ရိပေါ်က သူတို့ကိုဝိုင်းကြည့်နေတဲ့ ပတ်ဝန်းကျင်ကို အနေရခက်သလို အဲ့ကောင်လေးလက်ကိုဆွဲ ပြီး လူအုပ်နဲ့ဝေးရာကိုထွက်သွားသည်။ ရှောင်းကျန့်ကလိုက်သွားရမလား၊ နေခဲ့ရမလား ဝေခွဲမရတော့။

YOU ARE READING
MARS
Fanfictionတချို့လူတွေက နူးညံ့တယ် ထင်ရပေမယ့် တကယ်တမ်းကျ ကြံ့ခိုင်တယ်။ တချို့တွေကတော့ ကြံ့ခိုင်တယ် ထင်ရပေမယ့် တကယ်တမ်းကျ မူးညံ့လွန်းလှတယ်။ တချို့လူတွေက နူးည့ံတယ် ထင်ရပေမယ့် တကယ်တမ်းကျ ကြံ့ခိုင်တယ်။ တချို့တွေကတော့ ကြ့ံခိုင်တယ် ထင်ရပေမယ့် တကယ်တမ်းကျ မူးည့ံလွန်းလှ...