မျက်လုံးက ခပ်ရှည်ရှည် မျက်တောင် စိပ်စိပ်၊ နှာခေါင်းချွန်ချွန်၊ နှုတ်ခမ်းပါးပါး၊ ပါးပေါ်မှာ မှဲ့တစ်လုံး၊ နှုတ်ခမ်းအောက်မှာ မှဲ့တစ်လုံး။ ဒါပါပဲ။ ဘာများထူးဆန်းတာပါလို့ ဝမ်ရိပေါ်က ဒီလောက်အသဲစွဲတွေဖြစ်နေရတာလဲ။ဝရံတာလက်ရန်းအပြင်ဘက်ကို အစွန်းထွက်နေတဲ့ အုတ်စွန်းအပြားလေးမှာခြေတွဲလွဲချထိုင်ရင်း သူ့ဘေးကအုတ်စွန်းပေါ်တင်ထားတဲ့ မေ့နေတဲ့ ရှောင်းကျန့်မျက်နှာကို ဆေးလိပ်ငွေ့နဲ့မှုတ်လိုက်သည်။
မြန်မြန်သတိရလိုက်တော့ကွာ။ ရိပေါ်ရောက်လာတဲ့အထိ မင်းကဒီလိုမေ့နေရင် ပျော်ဖို့မကောင်းတော့ဘူး။ ဝရံတာ လက်ရန်းကတိုင်မှာချည်ထားတဲ့ ကြိုးစကို တစ်ချက်ဆွဲကြည့်လိုက်သည်။ ပြီးတော့ အဲ့ဒီကြိုးရဲ့အဆုံးတစ်ဖက်ဖြစ်တဲ့ ရှောင်းကျန့်လည်ပင်းက ကြိုးကွင်းကို နည်းနည်းဆွဲတင်းလိုက်သည်။ ညည်းသံသဲ့သဲ့နဲ့ ရှောင်းကျန့်က လှုပ်သွားပေမယ့် သတိတော့ပြန်လည်မလာသေး။
ရှန့်ခုံးက ခြေချထိုင်နေရင်း ပါးစပ်က ရောက်တတ်ရာရာ သီချင်းတစ်ပုဒ်ညည်းလိုက်သည်။
"ထာဝရလို့ ယုံကြည်ခဲ့တဲ့ မေတ္တာတရားလဲ ပျောက်ဆုံးသွား
ငါ့ဘေးနားက သူငယ်ချင်းတွေလဲ ထွက်ခွာသွားခဲ့
အသက်ကြီးလာတဲ့ငါ. . အရွယ်ရောက်လာပြီ ထင်ပါရဲ့
ဘာလို့ငါ အရမ်းတွေးပူမိနေလဲ"
ဒီသီချင်းနာမည်က ဘာလဲ။ သူမမှတ်မိတော့ဘူး။ ရိပေါ်က BIGBANG သိပ်ကြိုက်တာ။ ကိုရီးယားစာကို BIGBANG နားထောင်ရင်း သင်ခဲ့တာ။ ကိုရီးယားတစ်ပိုင်းဖြစ်တဲ့ ရှန့်ခုံးတောင် ရိပေါ်ကြောင့်မှ အဲ့အဖွဲ့ကိုနားထောင်ဖူးပြီးအခုတော့ ရိပေါ်က ဆက်နားထောင်သေးရဲ့လားမသိဘူး။ သူကတော့ နားထောင်နေဆဲ။
လက်ချောင်းကြားက ဖင်စီခံရောက်လုလုဆေးလိပ်တိုကို နောက်ဆုံးနေနဲ့ ရှိုက်လိုက်ပြီး အုတ်ပြားပေါ်ထိုးချေလိုက်သည်။ နောက်ထပ်အသစ်တစ်လိပ်ကိုတော့ မီးမညှိပဲ နှုတ်ခမ်းကြားမှာပဲကိုက်ထားလို့။ သူက ဆေးလိပ်မကြိုက်ဘူး။ ဆေးလိပ်အရသာကိုလဲ မကြိုက်ဘူး။ ဒါပေမယ့် ရိပေါ်က အရမ်းသောက်တော့ သူ့ကိုထိန်းဖို့ လိုက်သောက်ရင်း သောက်ဖြစ်နေတာ။ ဝမ်ရိပေါ်ဟာ သူ့အတွက်မကောင်းတာတွေဆိုအကုန်ကြိုက်သည်။

YOU ARE READING
MARS
Fanfictionတချို့လူတွေက နူးညံ့တယ် ထင်ရပေမယ့် တကယ်တမ်းကျ ကြံ့ခိုင်တယ်။ တချို့တွေကတော့ ကြံ့ခိုင်တယ် ထင်ရပေမယ့် တကယ်တမ်းကျ မူးညံ့လွန်းလှတယ်။ တချို့လူတွေက နူးည့ံတယ် ထင်ရပေမယ့် တကယ်တမ်းကျ ကြံ့ခိုင်တယ်။ တချို့တွေကတော့ ကြ့ံခိုင်တယ် ထင်ရပေမယ့် တကယ်တမ်းကျ မူးည့ံလွန်းလှ...