"ရိပေါ် ပြုတ်ကျမယ်"
သူ့လက်ကိုတင်းတင်းဆွဲပြီး ပြတင်းပေါက်ကတဆင့်ဆွဲတင်ပေးလာတဲ့ ရှန့်ခုံးလက်ကို အားပြုပြီး ခုန်တက်လိုက်တယ်။ အရင်အခါတွေက အောက်ထပ်က စာကြည့်ခန်းဆိုတော့ ပြတင်းပေါက်ကနေ ရိပေါ်က အေးအေးဆေးဆေးကျော်ဝင်လို့ရသည်။
အခုတခါက အပေါ်ထပ်က ရေချိုးခန်းဆိုတော့ ငြပတ်းပေါက်က သေးသည့်အပြင် ပိုက်လိုင်းက တွယ်တက်ရလဲခက်သေးသည်။
"မင်းဘယ်လိုဝင်လာတာလဲ"
"အဒေါ်ကြီး ဖွင့်ပေးလိုက်တာ"
ရှန့်ခုံးအဖေ အိမ်ပြန်ရောက်နေလျှင် သူ့မှာ ရှန့်ခုံးကိုအပြစ်ပေးဖို့ အကြောင်းတစ်ခုမဟုတ်တစ်ခုရှိပြီးသား။ အဓိက ကတော့ ဒီကလေးကို သူ့မျက်စိအောက်မှာ မရှိစေချင်တာထင်ပါသည်။ သူအိမ်မှာရှိနေတုန်း ရှန့်ခုံးက သူ့မျက်စိအောက်ရောက်သွားရင် ရိုက်နှက် နှိပ်စက်တာမျိုးမဟုတ်ပဲ အခန်းတစ်ခုခုထဲ ပိတ်လှောင်ထားတတ်တာမျိုး။ ကောင်စစ်ဝန်အရာရှိတစ်ယောက်အနေနဲ့ သူ့သားကို ကိုယ်ထိလက်ရောက်နှိပ်စက်တဲ့ သက်သေမျိုးမကျန်အောင်လဲ ဖြစ်ကောင်းဖြစ်မည်။
သူအိမ်ကနေပြန်မထွက်မချင်း ဘယ်သူမှလဲ တံခါးဖွင့်မပေးရဲတော့ တခါတလေ ထမင်းငတ်တဲ့နေ့တွေ ရေချိုးခန်းထဲမှာပဲ အိမ်လိုက်ရတဲ့ ညတွေလဲရှိသည်။
ရှန့်ခုံးဒီလိုဖြစ်ပြီဆို ရိပေါ်က တနည်းနည်းနဲ့ သူရှိတဲ့နေရာကို ခိုးဝင်လာတတ်တာချည်း။
အခုတစ်ခါလဲ ရိပေါ်က သူ့အင်္ကျီရင်ဘတ်ထဲထည့်သယ်လာတဲ့ ပေါက်စီထုတ်ကို ရှန့်ခုံးအတွက်ညစာဆိုပြီး ထုတ်ပေးသည်။
အေးစက်စက် ရေချိုးခန်း ကြမ်းပြင်မှာထိုင်လို့ ပြတင်းပေါက်ခပ်ကျဉ်းကျဉ်းရဲ့ ဘောင်မှာ မေးတင်ရင်း ရှန့်ခုံးက ပေါက်စီကိုတမြုံ့မြုံ့ဝါးနေသည်။ ရိပေါ်ကတော့ သူ့ကိုမျက်နှာချင်းဆိုင်လို့ ပြတင်းပေါက်ဘောင်ကိုခေါင်းမှီရင်း ထိုင်နေသည်။
"ပေါက်စီက စားလို့ကောင်းတယ်နော်"
ရိပေါ် အဒေါ်အိမ်က စားဖိုမှူးကလဲတရုတ်မို့ တရုတ်စာတော့ ခဏခဏလုပ်တတ်သည်။ သူ့လက်ရာက တကယ်တရုတ်ပြည်မှာစားရသလိုလေးပင်မနေတာကလွဲရင် စားလို့တော့ဖြစ်ပါသေးသည်။ ရိပေါ်က အသံကိုနှိမ့်ပြီးစကားပြန်ပြောသည်။ အပြင်မှာ ရှန့်ခုံးအဖေရှိလို့ သူတို့စကားသံကြားပြီးဝင်လာမှာလဲစိုးရသေးသည်။ အပေါ်ထပ်က ပြတင်းပေါက်ဆိုတော့ အောက်ထပ်စာကြည့်ခန်းမှာလို ထွက်ပြေးလို့လဲလွယ်တာမဟုတ်။

YOU ARE READING
MARS
Fanfictionတချို့လူတွေက နူးညံ့တယ် ထင်ရပေမယ့် တကယ်တမ်းကျ ကြံ့ခိုင်တယ်။ တချို့တွေကတော့ ကြံ့ခိုင်တယ် ထင်ရပေမယ့် တကယ်တမ်းကျ မူးညံ့လွန်းလှတယ်။ တချို့လူတွေက နူးည့ံတယ် ထင်ရပေမယ့် တကယ်တမ်းကျ ကြံ့ခိုင်တယ်။ တချို့တွေကတော့ ကြ့ံခိုင်တယ် ထင်ရပေမယ့် တကယ်တမ်းကျ မူးည့ံလွန်းလှ...