"ဝမ်ရိပေါ် ကျောင်းပြန်လာတယ်ဟေ့"
သူတို့အတန်းထဲက တစ်ယောက်က စာသင်ခန်းထဲပြေးဝင်လာရင်းပြောသည်။
"ဝမ်းနင် မင်းအသည်းလေး ကျောင်းပြန်တက်ပြီ"
"ယီး အသည်းလေးပါလား"
လှမ်းစတဲ့ကျောင်းသားကို ဝမ်းနင်က ဆဲလိုက်ပေမယ့် သူတို့အားလုံး စာသင်ခန်းပြတင်းပေါက်ကနေ မြင်နေရတဲ့ အဝင်လမ်းအတိုင်း ကျောင်းထဲ အေးဆေးဝင်လာတဲ့ ရိပေါ်ကို လှမ်းကြည့်လိုက်မိသည်။
"ငါက ဒီတခါ ရိပေါ်ကျောင်းထွက်သွားပြီတောင် ထင်မိတာ။ ကျန့်ကောကြောင့် ပြန်လာတယ်ပြောရမလား"
ဝမ်းချင်က ရှောင်းကျန့်စာရေးစားပွဲပေါ် ထိုင်နေရင်း ခပ်တိုးတိုးငုံ့ပြောသည်။ သူ ရိပေါ်ဆီလိုက်သွားတာ ဝမ်ချင်သိနေတော့ ရှောင်းကျန့်လဲ မငြင်းတော့။
ဝမ်းချင်က မချိုမချဉ်နဲ့ မျက်စောင်းထိုးရင်း
"ဝမ်ရိပေါ်ကြည့်ရတာ ကျောင်းလာရတာ အတော်ပျော်နေသလိုပဲ။ ကျန့်ကော နဲ့ သူနဲ့ ဘာတွေလုပ်ကြသေးလဲ"
"ဘာလုပ်ရမှာလဲ"
"သူ့အခန်းကိုလိုက်သွားတာတောင် ဘာမှမလုပ်ဘူးလား"
"ငါကမိန်းကလေးမှမဟုတ်တာ"
"ကျန့်ကော မလိမ်တတ်ရင် မလိမ်စမ်းပါနဲ့"
ဝမ်းချင်က သူ့မျက်နှာနားကပ်ပြီး တရားခံစစ်သလို စစ်နေသည်။
"နမ်းရုံလေးပဲ"
"ဝမ်ရိပေါ်က အဲ့လောက်နဲ့ ကျေနပ်တယ်လား"
"နင်မစပ်စုစမ်းနဲ့"
သူတို့နားရောက်လာတဲ့ ရိပေါ်က ဖြတ်သွားရင်းနဲ့ ရှောင်းကျန့်နားကပ်ပြီး ကြိတ်ကြိတ် ကြိတ်ကြိတ်မေးနေတဲ့ ဝမ်းချင်ခေါင်းကိုခေါက်သွားသည်။
အတန်းထဲမှာ အရင်က ဘယ်သူနဲ့မှ အပေါင်းအသင်းမလုပ်တဲ့ ရှောင်းကျန့်က ကျောင်းရဲ့နာမည်ကျော် တာတေလန် ဝမ်ရိပေါ် ဝမ်းနင် ဝမ်းချင်မောင်နှမနဲ့ဲ့ သူငယ်ချင်းဖြစ်သွားတယ်ဆိုတာက အားလုံးအတွက်နည်းနည်းတော့ထူးဆန်းနေသည်။

YOU ARE READING
MARS
Fanfictionတချို့လူတွေက နူးညံ့တယ် ထင်ရပေမယ့် တကယ်တမ်းကျ ကြံ့ခိုင်တယ်။ တချို့တွေကတော့ ကြံ့ခိုင်တယ် ထင်ရပေမယ့် တကယ်တမ်းကျ မူးညံ့လွန်းလှတယ်။ တချို့လူတွေက နူးည့ံတယ် ထင်ရပေမယ့် တကယ်တမ်းကျ ကြံ့ခိုင်တယ်။ တချို့တွေကတော့ ကြ့ံခိုင်တယ် ထင်ရပေမယ့် တကယ်တမ်းကျ မူးည့ံလွန်းလှ...