( 3 )

12.6K 1.5K 73
                                    

unicode

ရှုပ်ပွနေသော အိပ်ရာခင်းများကို ကြည့်ကာ ရှောင်းကျန့် ဆံပင်များသာ ဖွမိတော့သည်။

ခဏလေးမူး မိပါတယ်။ သူ့ဘဝက ဘာတွေဖြစ်သွားတာလဲ။ အဲဒီကောင်လေးကရော ဘယ်ကလဲ။

သူမှတ်မိသလောက် ထိုကောင်လေးက အပေါ်က ဘာအကူအညီမှ မပါဘဲတွယ်ဆင်းလာတာ။ သူ့အခန်းကို တမင်များဆင်းလာ ခဲ့တာလား။

သူ့အခန်းကို တမင်ဆင်းလာတာဆိုရင် ဒီကိစ္စကို တမင်ရည်ရွယ်တာလား။ တမင်ရည်ရွယ်တာဆိုရင် ဖြစ်ပြီးမှ ဘာလို့ ကြက်လည်လိမ်ရုပ်နဲ့ ဖြစ်နေရတာလဲ။

မစဉ်းစားချင်တော့ဘူး။ ထိုကောင်လေးက သူ့မျက်စိတစ်မှိတ်လေးအတွင်းမှာ ဖင်မှာ မော်တာတပ်ပြီး ထွက်ပြေးသလား ထင်ရအောင်ပျောက်ကွယ် သွားခဲ့ပြီ။

သူ့ကိုယ်က နာကျင်ပေမယ့် မောပန်းသောကြောင့် သူလည်း အနားယူချင်နေပြီ။ ရှောင်းကျန့် ပတ်ထားသောစောင်ကို ခွာချကာ ရေချိုးခန်းထဲ ဝင်ပြီး သူ့ကိုယ်ကို သန့်ရှင်းရေးလုပ်မိသည်။

Jacuzzi bathtub ထဲတွင်ရေနွေး စိမ်ရင်းနဲ့လည်း ထိုကောင်လေးက သူ့အတွေးထဲ ရောက်ရောက်လာသည်။

# ခင်ဗျားကို တစ်သက်လုံးထား ခဏလေးတောင် မစောင့်ရှောက်ဘူး #

တကယ်ထူးဆန်းသော စကား။ မသိရင် ထိုစကားအဓိပ္ပါယ်က သူ့ကို တစ်သက်လုံးစောင့်ရှောက် ပေးရမယ့် တာဝန်ပဲရှိသလိုလိုနဲ့။

သောက်ကောင်လေး . . . ငါ့ဘဝကို တကယ်မွှေသွားတာပဲ။ အား နာလိုက်တာ။

နာကျင်မှုဒဏ်ကို ဥပေက္ခာပြုကာ သန့်ရှင်းပြီးသော သူ့ကိုယ်ကို ခြောက်အောင် လုပ်ရသည်။ ပြီးမှ လိုလိုမယ်မယ် အကိုက်အခဲပျောက်ဆေး တောင်သောက်လိုက်သေးသည်။

အိပ်ရာခင်းများကိုတော့ သူ မလဲနိုင်တော့။ ကြမ်းပြင်တွင် ကျကျန်ခဲ့သော ကောင်လေးရဲ့ အဝတ်အစားများကိုတော့ သူ အမှိုက်ပုံးထဲ ချက်ချင်းထည့် ပစ်လိုက်သည်။

ပြီးမှ ကောင်လေးရဲ့ ခေါက်ပိုက်ဆံအိတ်လေးကို သွားတွေ့သည်။ ငွေကြေးအနေနဲ့ သိပ်မပါပေမယ့် အိုင်ဒီကတ်နှင့် ငွေကတ်များတော့ ပါသည်။

My Beloved PartnerWhere stories live. Discover now