( 16 )

9.3K 1.4K 47
                                    

unicode

ရှောင်းကျန့်က လှုပ်ရုန်းခြင်းမရှိတော့သဖြင့် အိပ်မောကျသွားပြီမှန်း ရိပေါ်သိလိုက်သည်။ ရှောင်းကျန့်ရဲ့ ပုံစံကို အကဲခတ်ရသလောက် ဒီနေ့လုပ်ကြံသူများရဲ့ နောက်ကကြိုးကိုင်သူကိုလည်း စိတ်ဝင်စားဟန်မပြ။

ရှောင်းကျန့်တောင် မသိချင်တာကို။ သူကဘာလို့ သိချင်နေမိရတာလဲ။

ဟိုမျက်ခွက်လှ အုပ်စုကိုတော့ စစ်ဆေးရေးမှူးက အပြစ်ကြီးပုဒ်မများနှင့် တရားရုံးတင်ပြီး တရားသူကြီးကလည်း အပြစ်ကြီးကြီးချဖို့ မျှော်လင့်မိသည်။

တကယ်ဆို ရှောင်းကျန့်ကို ကာကွယ်ရမည်ကလွဲလို့ အဲဒီကိစ္စတွေက သူနဲ့ဘာမှမဆိုင်ဘူးမလား။ ဒါပေမယ့် ဘာလို့လဲ။ ဘာလို့ သူအားတက်သရော အဲဒီကိစ္စတွေကို တွေးမိနေရတာလဲ။

အလွယ်တကူ အိပ်မပျော်နိုင်တော့  အတွေးမျောသည် ထင်ပါရဲ့။ အိပ်မပျော်နိုင်ရင် အတွေးပေါင်းစုံတာက သဘာဝပါပဲလေ။

ူသူအိပ်ရန် မျက်လုံးမှိတ်လိုက်သည်နှင့် သူ့ကိုကျောပေးထားသော ရှောင်းကျန့်က သူ့ဘက်လှည့်လာပြီး သူ့ကိုလာဖက်သည်။

ပထမဆုံး တွန်းထုတ်ရန် ပြင်လိုက်ပြီးမှ ရှောင်းကျန့်က တကယ်အိပ်ပျော်နေသည်ကို တွေ့သဖြင့် နိုးသွားမှာစိုးရာ သူငြိမ်ခံလိုက်တော့သည်။ ရှောင်းကျန့်ရဲ့ ထွက်သက်လေက သူ့လည်စပ်နားကိုပင် လာရောက်ထိတွေ့ရာ စိတ်ထဲခံစားချက်က ထွေပြားရသည်။

လူတစ်ယောက်နဲ့ ဒီလိုမျိုးနွေးနွေးကြီး နေရတာက သက်သောင့်သက်သာ မဖြစ်လိုက်တာ။

ထွေပြားသောခံစားချက်များကို နောက်ပို့ပြီး သူအိပ်ရန်ကြိုးစား လိုက်တော့သည်။

" ချပ် "

အသံက တိုးညှင်းလှပေမယ့် နီးကပ်လွန်းသည့်အပြင် နိုးချိန်လည်း ရောက်နေပြီဖြစ်ရာ ဝမ်ရိပေါ်နိုးကျလာသည်။

ကုတင်နားမှာ ဓာတ်ပုံရိုက်သလိုနဲ့ ဖုန်းထောင်ပြီး ရပ်နေသော မန်နေဂျာအန်း။

သူနိုးကျလာသည်ကို တွေ့သောကြောင့်ထင်သည်။ ဖုန်းကို ကပျာကယာပြန်အောက်ချပြီး ဘောင်းဘီထဲ ထိုးထည့်သည်။ ဒါပေမယ့် မန်နေဂျာအန်းလုပ်ရပ်ကို သူသေချာမြင်လိုက်သည်။

My Beloved PartnerWhere stories live. Discover now