( 37 )

7.2K 1.3K 66
                                    

unicode

ရိပေါ်  ဖမ်းချုပ်ထားသော ရှောင်းကျန့်လက်ကောက်ဝတ်က နာလာဟန်ရှိသည်။ အနည်းငယ်ရုန်းဖယ်လာသဖြင့် ရိပေါ်အလွယ်တကူ ပြန်လွှတ်ပေးလိုက်သည်။

ရိပေါ်လွှတ်ပေးလိုက်သည်နှင့် ရှောင်းကျန့်ရဲ့ အဓိပ္ပါယ်ပါသော အကြည့်တစ်ချို့က ချက်ချင်း ရိပေါ်ဆီ ကျရောက်လာသည်။

တရားဝင်ပြန်လက်တွဲလိုက်ပြီဆိုတော့ နာအောင်မလုပ်ရဲတော့ဘူးမလား ဆိုသည့်အကြည့်မျိုး။ ပါးနပ်သောသူကလည်း ရှောင်းကျန့်ဘာအဓိပ္ပါယ်နှင့်ကြည့်မှန်း ချက်ချင်းသဘောပေါက်သည်။

" နာအောင်မလုပ်ရဲတာ မဟုတ်ဘူးနော် ကောကို မနာစေချင်လို့ လွှတ်ပေးလိုက်တာ "

ထိုစကားကိုကြားတော့ ရှောင်းကျန့်က နှုတ်ခမ်းတစ်ဖက်ကွေးတက်ရင်း ဖျတ်ခနဲပြုံးသည်။ ဖြစ်ရဦးမယ်ဆိုသည့် သဘောမျိုး။

" ဘာလဲ မယုံတာလား ကျွန်တော် ကျိန်စာပြန်သင့်သွားလည်း ကောက ကျွန်တော့်ကို အနမ်းပေးမှာပဲကို ပစ်မထားရက်ဘူးမလား "

" ဟား ... အပိုင်တွက်လှချည်လား "

" အင်း ... ကောအချစ်ကို ယုံတာမို့ အပိုင်တွက်ရဲတယ် "

သူ့စကားကို ရှောင်းကျန့်သဘောကျသွားဟန်။ သွားများပေါ်သွားသည်အထိ သဘောကျစွာ ရယ်လေသည်။

" မနက်စာ စားပြီးပြီလား ရိပေါ်  "

" မစားရသေးဘူး ... နိုးတာနဲ့ သတင်းတွေ့လို့ မျက်နှာသစ်ပြီးတာနဲ့ ထွက်လာတာ "

" မနက်စာ စားမလား စန်းကောလာပို့ပေးထားတယ် "

" မစားတော့ဘူး ကောပဲစားလိုက် "

" အတူစားရအောင် "

ရှောင်းကျန့်စကားကို သူ စက္ကန့်ပိုင်းလောက် တွေဝေနေပြီးမှ ခေါင်းညိတ်ပြလိုက်သည်။

" ကောင်းပြီ စားရအောင် "

ရိပေါ် သဘောတူစွာ တုံ့ပြန်ရင်း ရှောင်းကျန့်ကိုယ်ပေါ်  အုပ်မိုးထားရာမှ ပြန်ထပေးလိုက်သည်။

My Beloved PartnerWhere stories live. Discover now