( 39 )

8.1K 1.3K 77
                                    

unicode

ကံကောင်းခြင်းနဲ့ ကံဆိုးခြင်းဟာ အတူယှဥ်တွဲလာနိုင်တာ ရှားပေမယ့် ရှောင်းကျန့်အတွက်တော့ ယှဥ်တွဲလာခဲ့သည်။ အဖေ့ဆီက ပစ်ပယ်မှုကို ခံခဲ့ရပေမယ့် ပရိသတ်ဆီက ကြိုဆိုမှုကို ရရှိခဲ့သည်။ အမွေအတွက် ဆုံးရှုံးလိုက်ရပေမယ့် ချစ်တဲ့သူကို ပိုင်ဆိုင်ခွင့်ရခဲ့သည်။

အပိုထပ်ဆောင်း အနေနဲ့ ကံကောင်းမှုကတော့ ယောက္ခမအမျိုးတွေက သူ့ကိုလိုလိုလားလား နွေးနွေးထွေးထွေး ကြိုဆိုပေးခဲ့ကြခြင်းပင်။

ရိပေါ်တို့မိသားစု အမျိုးများနှင့် ပထမဆုံးစားခဲ့ရသည့် ညနေစာက အရသာကောင်းသည်ထက် နွေးထွေးမှုများသာ ထုံမွန်းခဲ့သည်။ အေးစက်သော မိသားစုနဲ့အတူ နေခဲ့ရသည့် သူ့အတွက် ဒီလိုမျိုးညစာ စားပွဲက တကယ့်ကိုကောင်းမွန် ပြီးပြည့်စုံသည့် အမှတ်တရ တစ်ခုပါပဲ။

ရိပေါ်အမေပြောသည့် နောက်တစ်ပတ်လက်ထပ် နိုင်မလားဆိုသော မေးခွန်းကို ယနေ့ပင်လက်ထပ်နိုင်သည်ဟု မပြောမိအောင် တော်တော်သတိထားရသည်။

ယင်းယင်များရဲ့ လက်ထပ်ပွဲဟာ ထူးခြားဆန်းပြား ကြီးကျယ်တာမျိုးမဟုတ်ဘဲ သစ္စာတိုင်တည်ရသည့် အခမ်းအနားတစ်ခု ဖြစ်ကြောင်း သူ့ကိုရှင်းပြကြသည်။ တစ်ယောက်အပေါ်တစ်ယောက် အမြဲကြင်နာစွာ ဆက်ဆံပြီးကာကွယ်သွားမည်ဟု အများရှေ့တွင် တိုင်တည်ကတိပြုခြင်းပါပဲတဲ့။

ထိုကတိကတော့ သူတို့နှစ်ယောက်အဖို့ အများရှေ့မတိုင်တည်ခင် ကတည်းက စောင့်ထိန်းနေကြတဲ့ အရာတွေပါပဲ။ တရားဝင်မဖြစ်သေးရုံသာ ရှိမည်။ သူတို့နှစ်ယောက်က လက်ထပ်ပြီးသားစုံတွဲ ဖြစ်ခဲ့လေပြီ။

ညစာစားပြီးပြန်လာတော့ ရှောင်းကျန့်မျက်နှာတွင် အပြုံးရိပ်နည်းနည်းတွေ့သဖြင့် ရိပေါ်စိတ်ချမ်းသာရသည်။ တစ်နေ့လုံး မှောင်ကုတ်ကုတ် လုပ်နေခဲ့တဲ့ သူ့ချစ်သူလေးက အခုတော့ စိတ်ကြည်လင်လာပြီပဲ။

" ရိပေါ်  ... "

" အင်း ကော "

မီးပွိုင့်မှာမိနေခိုက် ရှောင်းကျန့်ဆီက ခပ်တိုးတိုးခေါ်သံ ထွက်ပေါ်လာတာကြောင့် ရိပေါ်လှည့်ကြည့်ရင်း ပြန်ထူးလိုက်မိသည်။

My Beloved PartnerWhere stories live. Discover now