( 34 )

7.4K 1.3K 55
                                    

unicode

နောက်တစ်နေ့မှာတော့ ပေကျင်းရောက်လက်စနှင့် မိဘဆီ သွားတွေ့ရန် ရိပေါ်ဆုံးဖြတ်လိုက်သည်။ ရှောင်းကျန့်ကိုအသိပေးတော့ ရှောင်းကျန့်က လိုက်ခဲ့မည်ဟု ဆိုလာရာ သူ ဝမ်းသာရသေးသည်။

ရှောင်းကျန့်ဟာ သဘောကျကြောင်း ပွင့်ပွင့်လင်းလင်း ဝန်မခံပေမယ့် အပြုအမူတွေအားလုံးက သူ့ကို သဘောကျကြောင်း သက်သေခံပေးနေကြတာပဲမလား။

မိဘအိမ်သွားတော့ ရိပေါ်ကိုယ်တိုင်သာ ကားမောင်းခဲ့သည်။ တစ်နာရီခန့်မောင်းရသည့် ခရီးက အနည်းငယ်တော့ လှမ်းသည်ဟု ဆိုရမည်။

ကားပေါ်မှာတော့ ဘာသီချင်းမှ မဖွင့်ဖြစ်ဘဲ ဟိုအကြောင်း ဒီအကြောင်းသာ ပြောဖြစ်ကြသည်။

မီးပွိုင့်မိနေခိုက် ရိပေါ်အမြင်အာရုံထဲ ဝင်လာတာက လမ်းဘေးလူသွားလမ်းပေါ်မှ လူတစ်ယောက်။ အမြင်အာရုံ စူးရှသောသူကတော့ ဦးထုပ်ငိုက်စိုက်စိုက် ဆောင်းထားသည့်ထိုသူမှာ ဘော်ဒီဂတ်ချောင် ဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။

" ဟိုမှာ ချောင်ပဲ ရှောင်းကျန့်ကော ကားကို ခဏထိန်းထားလိုက် "

ရှောင်းကျန့်ဆီ ကားကို လွှဲပြီး ရိပေါ်  ကားပေါ်က ဆင်းလိုက်သည်။ မီးပွိုင့်က စက္ကန့်လေးဆယ်လောက် လိုသေးတာမို့ ဒရိုင်ဘာနေရာလဲချိန် အေးဆေးရသည်။

ချောင်ကလည်း မျက်လုံးမြန်သည်။ ရိပေါ်  ကားပေါ်က ဆင်းလာချင်းချင်း မြင်သွားပုံရသည်။ တခြားဆန့်ကျင်ဘက်လမ်းကို ချက်ချင်းကူးပြေးသွားသည်။

မြန်လွန်းသောသူကလည်း ချောင်နောက်က ပြေးလိုက်သည်။ မီးပွိုင့်က ဝါနေပြီမို့ သာမာန်မြန်နှုန်းနဲ့ဆို ဘယ်လိုမှ တစ်ဖက်လမ်းကို ကူးနိူင်မည်မဟုတ်။

သူထင်သည့်အတိုင်း ချောင်လမ်းအလယ် ရောက်ချိန်မှာပင် မီးပွိုင့်က စိမ်းသွားပြီး ချောင်ကိုလည်း သူ ဖမ်းမိသွားသည်။

" အပြစ်လုပ်ပြီး ဒီလိုလျှောက်သွားနေရဲတယ်ပေါ့ "

ချောင်က ဘာမှပြန်မပြောဘဲ ရုန်းပေမယ့် ရိပေါ်အားကို နည်းနည်းတောင် မလွန်ဆန်နိုင်။

My Beloved PartnerWhere stories live. Discover now