( 21 )

8.2K 1.5K 163
                                    

unicode

မျက်လုံးပွင့်ပြီး နိုးလာသည်နှင့် ရှောင်းကျန့်ပထမဆုံး ခံစားရတာက ဇက်ပိုးဆီမှ နည်းနည်းနာကျင်ထိုင်းမှိုင်း နေခြင်းဖြစ်သည်။ ဘာဖြစ်သွားတာလဲဟု အများကြီးမစဉ်းစားလိုက်ရ။ ရှူတင်တွင် ရိပေါ်လုပ်ရပ်ကို ချက်ချင်းပြန်သတိရလာသည်။

သူ့ကို မေ့လဲအောင်ရိုက်ပြီး အိမ်ပြန်ခေါ်လာတာပဲ။

ရှောင်းကျန့် ချက်ချင်းထထိုင်ကာ အပြင်ခန်းသို့ ထွက်လာခဲ့သည်။ အပြင်ခန်းမှာ ဘယ်သူမှ မရှိ။

ရိပေါ်က ဘယ်ရောက်နေတာလဲ။

" ဝမ်ရိပေါ်  ! "

စိတ်တိုတိုနဲ့ သူထအော်ပစ်မှ ထမင်းစားခန်းကနေ ရိပေါ်  ပြန်ထူးသံကို ကြားရသည်။

" ကျွန်တော် ဒီမှာ ရှောင်းကျန့်ကော . . နိုးပြီလား "

ရိပေါ်အသံကို ကြားရသလောက် ပုံမှန်လေသံပဲ။ သူတို့နှစ်ယောက်ကြားတွင် ဘာကိစ္စမှ မရှိခဲ့သလို လေသံမျိုး။ မသိရင် သူ့ကို ရိုင်းစိုင်းတဲ့စကားတွေ ပြောပြီး မေ့လဲအောင် ရိုက်လိုက်သည့်လူက ရိပေါ်မဟုတ်သည့်ပုံစံ။

ဘာလို့ ဒီလောက်တည်ငြိမ်ရတာလဲ။

ရှောင်းကျန့် ချက်ချင်းပင် အသံလာရာ နောက်ဘက် ထမင်းစားခန်းဆီသို့ လျှောက်လာခဲ့သည်။

ထမင်းစားခန်းမှာတော့ ရိပေါ်က တစ်ခုခု ချက်ပြုတ်နေသည့်ဟန်။

" ခဏနေ ထမင်းစားရအောင် မန်နေဂျာအန်းနဲ့ ဟိုသုံးယောက်ကို ခင်ဗျားနဲ့ကျွန်တော် ပြန်လာခဲ့ပြီလို့ ပြောလိုက်တယ် သူတို့ကတော့ နည်းနည်းနောက်ကျဦးမယ်တဲ့ ဘာကိစ္စလဲဆိုတာ မပြောဘူး . . ရေခဲသေတ္တာထဲ ဟင်းနည်းနည်းတွေ့လို့ ကျွန်တော်ချက်ထား . . အ . . "

ရိပေါ်စကားမဆုံးခင် ရှောင်းကျန့် ထထိုးလိုက်ရာ ရိပေါ်က နာသွားသည့်ဟန်ဖြင့် အသံတိုးတိုးဖြင့် ညည်းကာ လက်သီးကျသွားသောနေရာကို တစ်ချက်ပွတ်သည်။

ရှောင်းကျန့်မှာလည်း ခံထားရသည့် ဒေါသစိတ်ကြောင့်သာ ထိုးမိလိုက်ခြင်းပင်။ ဒါပေမယ့် ရိပေါ်က ရှောင်နိူင်လိမ့်မည်ဟု ကျိန်းသေတွက်ထားမိလို့လား မသိ။ ရိပေါ်က မရှောင်ဘဲ သူ့လက်သီးက ရိပေါ်မျက်နှာဆီသို့ ပြင်းထန်စွာ ကျသွားတော့ ရုတ်တရက်ကြောင်သွားမိသေးသည်။

My Beloved PartnerWhere stories live. Discover now