( 40 ) ( New Part )

8.8K 1.4K 117
                                    

unicode

အဝါရောင်နဲ့ အဖြူရောင်ရောစပ်ထားသော ဖိတ်စာကို ကြည့်ပြီး ရှောင်းကျန့်ရဲ့အစ်ကိုသုံး ရှောင်းရန် ပြုံးသည်။ သဘောကျနှစ်ခြိုက်သည့် အပြုံးမျိုးမဟုတ်ဘဲ တစ်ခုခုကို နာကျည်းချက်နဲ့ ပြုံးသည့်မဲ့ပြုံး။ ရှောင်းကျန့်က ကံကောင်းလွန်းသည်။

ယောကျ်ားချင်းချစ်ကြိုက်နေသည်ဟု အများသိသွားလျှင် ဝေဖန်ထိုးနှက်မှုတွေကြားမှာ ရှောင်းကျန့်ဖြစ်တည်မှု မှေးမှိန်သွားလိမ့်မည်ဟု သူထင်မှတ်ခဲ့သည်။ အခုတော့ မှေးမှိန်သွားမှာထား။ ​အပြုဘက်က ပြောစမှတ်ဖြစ်ပြီး ပို၍တောင် အားပေးသူတွေ များလာခဲ့သတဲ့။

ရှောင်းကျန့် မင်းကံကောင်းလွန်းတယ်။

" ရှောင်းရန်ကောက ရှောင်းကျန့်တို့ပွဲကိုတက်မှာလား "

မန်နေဂျာအန်းမေးသည့် မေးခွန်းကိုကြားမှ ရှောင်းရန် ပြန်သတိဝင်လာသည်။ နောက်သုံးရက်ကြာလျှင် လက်ထပ်တော့မည်ဖြစ်သည့် ရှောင်းကျန့်က ဖိတ်စာကို ကိုယ်တိုင်လာရောက် ပေးခဲ့ခြင်းပင်။ ဖိတ်စာကိုပေးရင်းမှ စန်းကောသေချာတက်ရမှာနော်ဟုလည်း တကူးတကမှာ ခဲ့သေးသည်။

ကောသာမတက်ရင် ကျွန်တော့်ဘက်က အသိတွေတစ်ယောက်မှ  ရှိမှာမဟုတ်ဘူး ကျွန်တော်မျက်နှာငယ်ရလိမ့်မည်ဟုလည်း အသနားခံ အကျပ်ကိုင်ခဲ့သေး။ လက်ထပ်ပွဲကို အသိမိတ်ဆွေတွေကို မပြောပြဖို့လည်း အသိပေးခဲ့သည်။ လက်ထပ်ပွဲသတင်းကို မပြန့်စေချင်လို့ပါတဲ့။

ဒီလက်ထပ်ပွဲသတင်းကို ဖြန့်လိုက်ရင်လည်း အားပေးသူတွေသာ ထပ်ပေါ်လာလိမ့်မည်။ သူဘာလို့ ထပ်ဖြန့်ရမလဲ။

" ငါမတက်ဘူး အသိမိတ်ဆွေတွေ ဘယ်သူမှမရှိတဲ့ မျက်နှာငယ်ငယ် လက်ထပ်ပွဲကို ကျင်းပပါစေ "

ရှောင်းရန်ပြောပြီး လက်ထဲက ဖိတ်စာကို လုံးခြေပစ်လိုက်တော့သည်။ မန်နေဂျာအန်းက ထိုအရာကို ငေးမောစွာသာ ကြည့်ရှုနေသည်။ စိတ်ဝင်စား၍ ကြည့်ရှုနေခြင်းတော့ မဟုတ်။ တစ်ခုခုကို ပြောရမလား မပြောသင့်ဘူးလားဆိုပြီး တွေဝေနေသည့် အပြုအမူ။

My Beloved PartnerWhere stories live. Discover now