( 23 )

8.8K 1.5K 126
                                    

unicode

ရှောင်းကျန့်ဆီမှ ခွင့်လွှတ်မှုက တစ်ပတ်ကျော်သွားသည့်တိုင် မရခဲ့။ သာမာန်လူထက် ထူးခြားခဲ့သောသူက သာမာန်လူလို နေထိုင်ရသည့်အခါ လုံးဝကို အဆင်မပြေတော့။

နေ့စဉ် လှုပ်ရှားမှုများကို လုပ်ဆောင်ရသည်မှာ တစ်ခုခု လစ်ဟာနေသလို ခံစားရသည်။ ထိုထက်ဆိုးသည်က ပင်ပန်းမှု။ WOS မျိုးနွယ်တွေ အစွမ်းပျောက်သွားသည့်အခါ လူမမာလိုပဲ။

အချိန်ကြာလေ ပိုဆိုးလေဆိုတော့ ရိပေါ်က တစ်ရက်ထက်တစ်ရက် ပိုအားလျော့လာသည်။

အမြဲတမ်း သန်သန်မာမာနဲ့ မျက်နှာလန်းနေသည့် ကောင်လေးက အခုတစ်လော အိမ်ပြန်ရောက်တိုင်း သွေးဆုတ်နေသလို ဖြူဖျော့နေသော မျက်နှာနှင့် ထိုင်ခုံမှာ ပင်ပန်းစွာ အပန်းဖြေသည်ကိုတွေ့ရတော့ ရှောင်းကျန့်စိတ်ထဲ နားမလည်အောင် ဖြစ်ရသည်။

ဒီနေ့ညနေလည်း ပြန်ရောက်သည်နှင့် ရိပေါ်က အရင်နေ့များကဲ့သို့ ကျွန်တော့်ကိုနမ်းပေးပါလား ဆိုသော စကားတောင် မပြောခဲ့ဘဲ အိမ်ထဲတန်းဝင်သွားသည်။

ရှောင်းကျန့်လိုက်ဝင်လာတော့ ရိပေါ်က ထုံးစံအတိုင်း ထိုင်ခုံမှာ နွမ်းလျစွာထိုင်နေပြန်သည်။

" ရိပေါ်  . . မင်းနေမကောင်းဘူးလား "

ရိပေါ်ခေါင်းညိတ်ပြသည်။

" ဘာဖြစ်တာလဲ ဆေးခန်းသွားမလား ဖျားနေတာလား ဆရာဝန်ခေါ်ပေးရမလား "

" စိုးရိမ်နေတာလား ကျန့်ကော "

" မဟုတ်ဘူး မင်းက ငါ့ဝန်ထမ်းဖြစ်နေလို့ တစ်ခုခုဖြစ်ရင် ငါ့နာမည်ထိခိုက်နိူင်တယ် "

သူ့စကားမှာ သဘောကျစရာ မပါပေမယ့် ရိပေါ်ကပြုံးသည်။ ပြီးရင် ဘာစကားမှ မဆိုတော့။

" ကိုယ်ပူနေတာလား "

" စိုးရိမ်မနေနဲ့ ကျွန်တော်သေလည်း ရောဂါကြောင့် သေတာဖြစ်လို့ ခင်ဗျားနာမည် မထိခိုက်ဘူး "

" ဘာ ရောဂါ ဟုတ်လား မင်းတကယ်ပဲ ဘာဖြစ်နေတာလဲ "

ရှောင်းကျန့်လေသံက စိုးရိမ်သံဖြစ်သွားကာ ရိပေါ်နား ချက်ချင်းရောက်လာပြီး နဖူးကိုစမ်းသည်။

My Beloved PartnerWhere stories live. Discover now