( 17 )

8.4K 1.4K 104
                                    

unicode

ချစ်ရသူတစ်ဦး suicide လုပ်သွားသည်ကို ခံစားရသူအဖို့ ဘယ်လောက်နာကျင်နိူင်ကြောင်း ရိပေါ်မှန်းဆနိူင်သည်။

သူစိုက်ကြည့်နေတာကို ရှောင်းကျန့်က ရိပ်မိသွားဟန်ဖြင့် ဖျတ်ခနဲပြန်လှမ်းကြည့်သည်။

" ဘာလဲ သနားနေတာလား "

ရှောင်းကျန့်ရဲ့ မေးသံထဲတွင် လှောင်သံနှင့် မကျေနပ်သံများဖြင့် ရောနှောနေသဖြင့် သူအကြည့် ပြန်လွှဲမိသည်။

ဘဝရဲ့ နာကျင်စရာတစ်ပိုင်း တစ်ဒေသကို ပြောတုန်းကပြောပြီး အသနားကျ မခံချင်ဘူး ထင်ပါရဲ့။

" ခင်ဗျားတော်တော် ဝမ်းနည်းခဲ့ရမှာပဲ "

သူက စိတ်ရင်းနဲ့ဆိုလိုက်ပေမယ့် ရှောင်းကျန့်က မထီတရီပြုံးခြင်းနဲ့သာ တုံ့ပြန်သည်။ ပြီးတော့ စားလက်စ ပန်းကန်ကိုသာ စိတ်မပါတပါဖြင့် တူနှင့် ထိုးဆွနေလေသည်။

" နာကျင်စရာတွေကို အဆုံးသတ်ဖို့ ရွေးချယ်သွားတဲ့လမ်းပဲ မားဆုံးသွားတာထက် မားရဲ့ခံစားချက်တွေကို ဘာမှမသိခဲ့ရတာ ပိုနောင်တရတယ်

မားက အမြဲတမ်းကြံခိုင်သလို ဟန်ဆောင်တတ်တယ် အဲဒါကြောင့် မားအဆင်ပြေတယ်လို့ပဲ ငါတွေးခဲ့တယ် "

" ခင်ဗျားနဲ့တူသားပဲ "

သူလွှတ်ခနဲ ထွက်သွားမိသည့်စကားကို ရှောင်းကျန့်က အံ့သြတကြီး မော့ကြည့်သည်။ ပြီးမှ နားလည်စွာဖြင့် ဖျတ်ခနဲပြုံးသည်။ ဒါပေမယ့် နောက်ကွယ်မှာ လှောင်ရိပ်ပါတဲ့ အပြုံးတစ်ခုပဲ။

" ငါ့နားမှာ ရှိတာ ရက်ပိုင်းလေးနဲ့ ငါ့ကိုနားလည်သလို ဟန်ဆောင်မနေနဲ့ "

ခပ်ပြတ်ပြတ်ပြောပြီး ထမင်းစားဝိုင်းက ထသွားတော့သည်။ ရှောင်းကျန့်ထသွားမှ မန်နေဂျာအန်းက သူ့ကို လျှာရှည်ကောင်ဟု ထလှမ်းဆဲသည်။

မန်နေဂျာအန်းကို အဖက်မလုပ်ချင်သဖြင့် သူ မကြားဟန်ဆောင် လိုက်တော့သည်။ စားပွဲဝိုင်းမှာ သူတစ်ယောက်တည်း ကျန်ခဲ့သည်အထိ ထိုင်ကျန်ခဲ့ပေမယ့် စားစရာများကို စိတ်ဝင်စားခြင်း မရှိခဲ့။ သူ့စိတ်ထဲ ရှုပ်ထွေးပွေလီသော အတွေးများနှင့်သာ ပြည့်နှက်နေခဲ့သည်။

My Beloved PartnerWhere stories live. Discover now