( 13 )

8.5K 1.4K 87
                                    

unicode

ကားပေါ်မှာ အိပ်မောကျနေတဲ့ ရှောင်းကျန့်ကိုယ်ကို ပွေ့ချီလိုက်တော့ အနွေးဓာတ်က သူ့ခံစားမှုကိုတောင် တစ်မျိုးဖြစ်သွားစေသည်။

ကိုယ်ချင်းထိတွေ့မှုမှ တစ်ဆင့်ဖြတ်သန်းလာတဲ့ ရှောင်းကျန့်အနွေးဓာတ်က သူ့ကိုယ်ကို နှစ်ဆပူသွားသလို ခံစားရသည်။

ဒီခံစားချက်ကြီး မုန်းလိုက်တာ။ 

မကျေနပ်ပေမယ့် မတတ်နိုင်သဖြင့် ပွေ့ချီရင်းသာ အိမ်ထဲသို့ ဝင်လာခဲ့ရသည်။ ကုတင်ပေါ် ချပေးလိုက်တော့လည်း ရှောင်းကျန့်က ဖြည်းဖြည်းမှန်မှန် အသက်ရှူရင်းသာ အိပ်ပျော်နေသည်။ နည်းနည်းပါးပါး လှုပ်ရုန်းပြီး နိုးလာခြင်းတောင် မရှိ။

တကယ်အိပ်ပုတ်ကြီးတဲ့သူပဲ။ ဆင်အော်တာထား။ ဆင်တက်နင်းသွားရင်တောင် နိုးမည့်အနေအထား မဟုတ်။

" အဲဒီလောက်ညစ်ပတ်လာတာ ရေချိုးပြီးမှ အိပ်သင့်တာကို  မင်းသားဖြစ်ပြီး ညစ်ပတ်တယ် "

ပွစိပွစိပြောရင်း ဖိနပ်နှင့်ခြေအိတ်ကို ချွတ်ပေးလိုက်သည်။

ခြေအိတ်ကိုချွတ်ပေးလိုက်မှ ခြေကျင်းဝတ်တွင် ညိုမဲစွဲနေသော ဒဏ်ရာတစ်ခု။

ဘယ်တုန်းက ရခဲ့သည့်ဒဏ်ရာမှန်း မသိပေမယ့် ရှောင်းကျန့်ကိုယ်ပေါ်  ဒဏ်ရာမြင်ရတာက သူ့စိတ်ကို သက်ထောင့်သက်သာတော့ မဖြစ်။

ရှောင်းကျန့်သာ နာရင် လက်တွဲဖော်ကို မကာကွယ်ပေးနိူင်တဲ့ အပြစ်ရှိတယ်ဆိုပြီး သူ့စွမ်းအားတွေ လျော့ကျနေမှ ဒုက္ခရောက်မယ်မလား။

ဒါပေမယ့် ဒီလောက်ဒဏ်ရာလေးကတော့ ဘာမှမဖြစ်လောက်ဘူး ထင်ပါရဲ့။

သူတွေးရင်း စောင်သာခြုံပေးလိုက်သည်။ နာရီကြည့်တော့ ၆ နာရီကျော်။

နေမှောင်တော့မှာပဲ။

တစ်နေကုန် ဘာမှမစားခဲ့ရသော ဗိုက်ကဆာလောင် နေပေမယ့် ရှောင်းကျန့်နားက ခွာပြီး တစ်ခုခုဝယ်ဖို့လည်း မသွားရဲ။ သူ မတော်တဆ ရလိုက်သည့် ဒီလက်တွဲဖော်ဟာ သာမာန်လူနဲ့မတူသည့် တကယ့်အရှုပ်ထုတ်ပါလား။

My Beloved PartnerWhere stories live. Discover now