( 36 )

7.3K 1.4K 121
                                    

unicode

နေ့တိုင်း အရက်သောက်ပြီး ရောက်လာသည့် ရိပေါ်ကို အမေကလည်း ရိပ်မိလာပုံပင်။ ဒီညတော့ သူအိမ်ထဲ ဝင်ချင်းချင်း အမေက အပြုံးနဲ့ဆိုလာခဲ့သည်။

" ရိပေါ်  ခုတစ်လော သားညတိုင်းနောက်ကျတယ်နော် "

" မား မအိပ်သေးဘူးလား "

" သားကိုတမင်စောင့်နေတာ ... သား ဘာဖြစ်နေတာလဲ အမှန်အတိုင်း ပြောပြလို့ရမလား "

သူ ရှောင်းကျန့်နဲ့လမ်းခွဲ ပြီးကြောင်းကို ပြောပြဖို့ အစီစဥ်မရှိသေးပေမယ့် အမေက ဒီလိုမျိုးမေးလာတော့လည်း ဖုံးကွယ်ဖို့ မကြိုးစားချင်တော့။ အိမ်အပေါ်ထပ်ကို ဦးတည်နေသော သူ့ခြေလှမ်းများက အမေ့ဘေးနားက ထိုင်ခုံနေရာလွတ်ကိုသာ ဦးတည်သွားသည်။

အမေနားတွင် ဝင်ထိုင်လိုက်တော့ အမေ့ရဲ့လက်တစ်ဖက်က သူ့ပခုံးပေါ်  ညင်သာစွာ ကျရောက်လာသည်။ သူဖြစ်နေတဲ့ ပြဿနာကို သူကိုယ်တိုင် ဖွင့်မပြောရသေးပေမယ့် အမေကလည်း ရိပ်မိနေဟန်။

" ရှောင်းကျန့်ဆီ ဘာလို့မသွားတော့တာလဲ "

" ကျွန်တော်တို့လမ်းခွဲလိုက်ပြီ ရှောင်းကျန့်က တခြားသူကို သဘောကျတယ်တဲ့ "

သူ တည်တည်ငြိမ်ငြိမ်ပြောဖို့ ရည်ရွယ်ထားပေမယ့် အသံကတော့ အဖျားဆွတ် တိမ်ဝင်သွားသေးသည်။ အမေကတော့ ရိပ်မိနေသည့်အလား အံ့သြသွားဟန်မပြ။

ရှောင်းကျန့်ဆီလည်း မသွား။ အရက်သာ ညတိုင်းလှိမ့်သောက်နေသည့် သူ့အဖြစ်ကို မားရိပ်မိနေတာ အဆန်းတော့မချေ။

" သား လွတ်လပ်သွားပြီပေါ့ နောက်ထပ် စောင့်ရှောက်ပေးစရာမလိုတော့ဘူး ဒါ သားလိုချင်ဖူးတဲ့ အခိုက်အတန့်ပဲမလား "

မားရှေ့ရောက်လျှင် ကလေးတစ်ယောက်လို ဘာကိုမှ ဟန်မဆောင်ချင်သည့်သူက အခုလည်း မျက်ရည်ဝဲချင်လာသည်။ သူလိုချင်ခဲ့သည့် အခိုက်အတန့်အား ပြန်ရခဲ့ပေမယ့် ပျော်ရွှင်မှုမရဘဲ ဝမ်းနည်းမှုကိုသာ အလုံးအရင်းနဲ့ ရင်ဝယ်ပိုက်ခဲ့ရတဲ့ ခံစားချက်ကို သူ မပြောပြလည်း မားသိနိိုင်မယ်ထင်ပါရဲ့။

My Beloved PartnerWhere stories live. Discover now