( 28 )

8.6K 1.6K 199
                                    

unicode

စိတ်အခြေအနေတွေဟာ ပြောင်းလဲတတ်မှန်း ရိပေါ်နားလည်သည်။ ဒါပေမယ့် နှစ်များစွာ ရှိလာခဲ့တဲ့စိတ်တစ်ခုက လအနည်းငယ်အတွင်းမှာ ပြောင်းလဲသွားတာကတော့ ယုံကြည်ရခက်လွန်း နေပြန်သည်။

သူအမြဲတမ်းရည်ရွယ်ခဲ့သည့် ချူးလင်းအာအား တွေ့လိုက်ရမှ ခံစားချက်သိပ်မရှိတော့သည်ကို သတိထားမိသည့် အဖြစ်။

ဘာလို့လဲ။

ထိုမေးခွန်းရဲ့အဖြေဟာ သူနဲ့နီးကပ်သလို ခံစားရပေမယ့် ဖမ်းဆုပ်ကိုင်ဖို့ကျ မရဲပြန်။ အဲဒီအဖြေကို ဆုပ်ကိုင်နိုင်ဖို့အတွက် ရှောင်းကျန့်ကို အကူအညီတောင်းသလို မေးကြည့်မိသည်။

ရှောင်းကျန့်ကို သဘောကျမိသွားတာကြောင့် သူ့ရဲ့နဂိုစိတ်က ပြောင်းလဲသွားတာဆိုတဲ့ အဖြေဟာ တကယ်ပဲ ထိုမေးခွန်းရဲ့ အဖြေမှန် ဖြစ်နိူင်မလား။

" ကျွန်တော် ဘာလို့ဝမ်းမနည်းတာလဲ အရင်တုန်းက လင်းအာကျဲဆီက အဲဒီစကားကြားရရင် ကျွန်တော့်ကမ္ဘာတစ်ခြမ်း ပြိုကျသလို ခံစားရမှာပဲလို့ ထင်မှတ်ခဲ့ဖူးတယ် အခုကျ ဘယ်အချိန်ကတည်းက အဲဒီစိတ်က ပြောင်းလဲသွားလဲ မသိဘူး

ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စတစ်ခုလို ခံစားရပြီး နည်းနည်းလေးတောင် ဝမ်းနည်းမလာဘူး ဘာလို့လဲ ကျန့်ကော "

" မင်းစိတ်က မျောက်စိတ်ဖြစ်လို့ နေမှာပေါ့ "

ရှောင်းကျန့်က အေးအေးသက်သာ ပြောပြီး ပခုံးတွန့်ပြသည်။

" ကျွန်တော့်သဘောကျစိတ်က ဘယ်သူ့ဆီ ရောက်သွားတာများလဲ "

ရှောင်းကျန့်က မျက်ခုံးတစ်ချက်ပင့်ကြည့်ပြီး ရိပေါ်နဲ့ မျက်လုံးချင်းဆုံတော့ မျက်လွှာပြန်ချ သွားသည်။

" ငါ အိမ်သာဝင်လိုက်ဦးမယ် "

ရုတ်တရက် ရှောင်ထသွားတဲ့ ရှောင်းကျန့်ကို သူ မတားနိူင်လိုက်။

စိတ်ထဲကသာ ခင်ဗျားဆီ ရောက်သွားတာများလားဟု တိတ်ဆိတ်စွာ မေးမိသည်။

ရှောင်းကျန့်မှာလည်း အိမ်သာထဲ ဝင်လာပြီးမှ တံခါးကို ပိတ်ကာ ကျောမှီရပ်မိသည်။ ရိပေါ်ရဲ့ ရှေ့နောက်မလွတ် ပြောနေသည့် စကားလုံးများဟာ သူ့စိတ်ကို တကယ်ရှုပ်ထွေးစေသည်။

My Beloved PartnerWhere stories live. Discover now