( 10 )

10.9K 1.5K 123
                                    

unicode

ရဲ​တွေက အကျိုးအ​ကြောင်း​မေး​တော့ ​ရှောင်းကျန့့် ​ဖြေလို့ရသမျှ ​ဖြေ​နေလိုက်​သည်​။ သတင်းအ​ခြေအ​နေ​ကြောင့် စခန်းကို​တော့ လိုက်​ရန်​မဖြစ်​နိုင်​​ကြောင်း မန်​​နေဂျာသာလိုက်​​ပေးလိမ့်မည်​ ဖြစ်​​ကြောင်းလည်း ထည့်​ပြောလိုက်​သည်​။

" မန်​​နေဂျာ​ရော "

ရဲသား​လေး​မေးမှ မန်​​နေဂျာအန်း ဘယ်​​ရောက်​​နေမှန်း သူမသိ။

​သူ​ဆေးရုံတက်​​နေ​ကြောင်းကို မီဒီယာ​တွေ သိသွားပြီဖြစ်​သဖြင့် လာ​နှောင့်ယှက်​မှာစိုး၍ ​နေရာ​ရှောင်​ခိုင်းခဲ့သည်​။ ထိုအကြံ​ပေးချက်​​ကြောင့်ပဲ သူ ​ဆေးရုံက ထွက်​လာပြီး ကား​ပေါ်​ရောက်​​တော့ သူ့ ​ဘော်​ဒီဂတ်​က ပုဝါနဲ့လာအုပ်​တော့ သူလည်း ​မေ့သွားတာပဲ။

အခုလူအုပ်​စုမှာ မန်​​နေဂျာအန်းက မပါ​တော့ ဘယ်​​ရောက်​သွားတာလဲ။

ကား​ပေါ်မှာပဲလား။

" အပြင်​မှာ ရပ်​ထားတဲ့ ကားကို စစ်​​ဆေးပြီးသွားပြီလား "

သူ့အမေးကို ရဲသားလေးမဖြေခင် ပြေးဝင်လာသော မန်နေဂျာအန်းကို တွေ့လိုက်ရသည်။

" ကံသီပေလို့ပေါ့ ရှောင်းကျန့်ရယ် ဘာမှမဖြစ်လို့ တော်သေးတယ် တောင်းပန်ပါတယ် ကောဘာမှမကူညီပေးနိူင်လိုက်ဘူး ထိခိုက်သွားသေးလား "

ရှောင်းကျန့်ကို အခုမှ ပျာသလဲလဲလာမေးနေသည့် မန်နေဂျာအန်းကို ရိပေါ်စိတ်မရှည်ချင်တော့။

" ခင်ဗျားက ခုနားက ဘယ်မှာသွားပြီး ဘိန်းစားနေတာလဲ အခုမှ အူယားဖားယား လာလုပ်နေတယ် "

" ငါ ကားပေါ်မှာ အချည်ခံရပြီး ချန်ထားခံရတာကွ ဘာမှမသိဘဲ လာအော်မနေနဲ့ "

မန်နေဂျာအန်းရဲ့ စကားမှန်ကန်ကြောင်းကို နောက်ထပ်ရဲသားတစ်ယောက်ကပါ ထောက်ခံပေးသည်။

" ဟုတ်တယ် သူလည်း နစ်နာသူတစ်ယောက်ပဲ "

မျက်ခွက်လှစကားအရဆို ရှောင်းကျန့်ကို သတ်သေသလို ပုံစံမျိုးနဲ့လုပ်မှာမို့ သိသူမရှိရအောင် သူ့ကိုပါရောသတ်ဖို့ လုပ်ခဲ့သေးသည်။ ဒါပေမယ့် ဒီမန်နေဂျာကိုကျ မသတ်ဘဲ ဘာလို့ကားပေါ်ပဲ ချန်ထားခဲ့ရတာလဲ။

My Beloved PartnerWhere stories live. Discover now