( 42 )

14.2K 1.4K 105
                                    

unicode

Lijiang ကို ရောက်ရှိလာသည့်အခါ ညဆယ်နာရီကျော်သွားလေပြီ။ ရှောင်းကျန့်ကတော့ တော်တော်အားအင်ကုနခမ်းသွားဟန်။ လေယာဥ်ပေါ်မှ မဆင်းခင် အနားကပ်လာပြီး စကားတိုးတိုးလေး တစ်ခွန်းဆိုသေးသည်။

" ငါ့ကိုကုန်းပိုးခေါ်  " တဲ့။

ရိပေါ် က အစကတည်းက သာမာန်လူတွေထက် ထူးခြားတာမို့ မောပန်းမှုက အနည်းငယ်မျှတောင် မရှိ။ ရှောင်းကျန့်စကားအတိုင်း လိုက်လျောပေးခဲ့ပေမယ့် တကယ်တမ်းကျ ရှောင်းကျန့် ကုန်းမပိုးခဲ့ပါ။

တခြားလူတွေရှေ့မှာ ကုန်းပိုးရမည်ကို အနေခက်၍ နေလိမ့်မည်။

ရိပေါ်ကတော့ ခရီးဆောင်အိတ်ကိုဆွဲပြီး နောက်လက်တစ်ဖက်ဖြင့် ရှောင်းကျန့်လက်မောင်းကို အသာကိုင်ထိန်းပေးသည်။

ရှေးဟောင်းအပြင်အဆင်များနှင့် Lijiang Sinkoo ဟိုတယ်က ညဘက်မှာ အမှန်ပင်လှပသည်။ ရှောင်းကျန့်က ရှေးဟောင်းအပြင်အဆင်ကို နှစ်သက်သည်ဟု ဆိုသဖြင့် ဤဟိုတယ်ကို တမင်ရွေးခဲ့ကြခြင်းပင်။

ရှေးခေတ်အပြင်အဆင်များက လွမ်းမောစရာ ကောင်းသည့်အပြင် ဝါကျင်ကျင် မီးရောင်များနှင့် အနီရောင် မီးပုံးများချိတ်ဆွဲထားခြင်းက တခြားဟိုတယ်များနှင့် လုံးဝကွဲပြားသည့်အချက်ဟု ဆိုရမည်။

ဟိုတယ်အပြင်ပန်းပုံစံက ရှေးကျပေမယ့် အခန်းတွင်းအပြင်အဆင်များကတော့ ခေတ်မီပရိဘောဂ များနဲ့သာ။ ဒါပေမယ့် incandescent light bulb များ သက်သက်သာ ထွန်းထားရင်တော့ အခန်းအပြင်အဆင်ကလည်း ရှေးအငွေ့အသက်များ ရသည်။

ရှောင်းကျန့်တို့ တည်းနေကျဟိုတယ်များနှင့် စာရင် Sinkoo hotel ရဲ့ double room က အနည်းငယ်ကျည်းသည်။ အဲဒါက ပြဿနာတော့မရှိ။

လေယာဥ်ပေါ်မှာကတည်းက ပင်ပန်းလာသော ရှောင်းကျန့်က အခန်းထဲသို့ရောက်သည်နှင့် ခုတင်ပေါ်  ခြေပစ်လက်ပစ် လှဲချတော့သည်။

" ပင်ပန်းတယ် အိပ်တော့မယ် "

" မအိပ်နဲ့ဦး ရေချိုးပြီးမှအိပ် "

" အိပ်မှာ "

လက်ထပ်ပြီးသည့် အချိန်ကစပြီး ကလေးဆိုးတစ်ယောက်လို ပြုမူချင်နေသည့် ရှောင်းကျန့်ကို ရိပေါ်  ခုတင်ပေါ်မှ အတင်းသွားထူသည်။

You've reached the end of published parts.

⏰ Last updated: Nov 05, 2020 ⏰

Add this story to your Library to get notified about new parts!

My Beloved PartnerWhere stories live. Discover now