( 4 )

12K 1.5K 79
                                    

unicode

မဖြစ်ချင်သော ကိစ္စဖြစ်ပြီး သုံးရက်မြောက်နေ့လောက်မှ ရှောင်းကျန့် ပုံမှန်လှုပ်ရှားနိူင်သည်။ နောင်အခါများ အရက်မူးမှာတောင် ခပ်လန့်လန့် ဖြစ်ရချည်ရဲ့။

ကောင်လေးတစ်ယောက်ကိုမှ သူ့အထက်တန်းနှစ်က အချစ်ဦး ရင်းယန်နဲ့ မှားမြင်ခဲ့မိသည်တဲ့။ လူကြားလို့မှ မကောင်း။ ဟိုသကောင့်သားလေးကလည်း မှားမိတဲ့သူ့ကို အထီးချင်းဆိုပေမယ့် အလွတ်မပေးခဲ့။ ခံရခက်လိုက်တာ။

သူသာ သာမာန်လူတစ်ယောက်ဆိုလျှင် အဲဒီကောင်လေးကို တရားစွဲဆိုနိူင်ပေမယ့် သူက public figure တစ်ယောက်။ မလိုအပ်သော ပြဿနာများက တန်းစီပေါ်လာမှာလည်း မလိုချင်တော့ချေ။ သူ့ Fan တွေများ မတော်တဆ သိသွားလျှင်လည်း ရင်ကွဲရချည်ရဲ့။ သူတို့ချစ်ရတဲ့ idol တစ်ယောက်က ဒီလိုဖြစ်တယ်ဆိုတဲ့ သတင်းဟာ ချစ်ရသူဖန်တွေအတွက် ကြေကွဲစရာပဲမလား။

သူတွေးရင်း သက်ပြင်းချကာ စောင်ကို ရင်ဘတ်ထိ ဆွဲတင်လိုက်သည်။

အိပ်မယ့်အချိန်မှာ အိပ်တာပဲ ကောင်းပါတယ်။ မနက်ဖြန်ဆိုလည်း ရှုတင် ပြန်သွားရတော့မယ်။

clap system chandelier ကို လက်​ခုပ်​တီး မီးပ်ိ​တ်​ပြီး သူ မျက်​လုံးမှိတ်​လိုက်​​တော့သည်​။ ​ဘေးနားက ညအိပ်​မီးမှိန်​မှိန်​​လေးမှ လွဲ၍ ဘာအလင်း​ရောင်​မှ သူ့အခန်းထဲ မရှိ​တော့​ချေ။ ဒီလိုမှလည်း သူက အိပ်​​မောကျတတ်​တာ။

" ချွတ်​ . . ချွတ်​ "

" ကျွီ . . "

တိုးတိုးချွတ်​ချွတ်​ အသံများ​ကြောင့် သူ ပြန်​နိုးလာရသည်​။ ညအိပ်​မီးမှိန်​မှိန်​ ​အောက်​မှာ တစ်​ခုခုကို ရှာ​ဖွေ​နေ​သော လူသားတစ်​​ယောက်​။

ဒုက္ခပဲ။ လုံခြုံ​ရေးတင်းကျပ်​ပါသည်​ဆို​သော ကွန်​ဒိုထဲ ဒီ​သောက်​သူခိုးက ဘယ်​လိုဝင်​လာတာတုန်း။

ဒီရက်​ပိုင်းမှာလည်း သူ့အတွက်​ ကံဆိုးလွန်းသည်​။ အကြံသမား ဝင်​တာမှ မကြာ​သေး။ သူခိုးက ထပ်​ဝင်​ပြန်​ပြီ။

​ဘယ်​လိုလုပ်​ရမလဲ။ သူနိုးတာကို သိသွားမှ သူ့အသက်​ ရန်​ရှာရင်​ ဘယ်​လိုလုပ်​ရမလဲ။ ဒါ​ပေမယ့် ကိုယ့်အခန်းထဲမှာ ဒီ​လောက်​တကုန်းကုန်း တကွကွ လာရှာ​နေတာကို သတ္တိ​ကြောင်​ပြီး မသိဟန်​လည်း ​ဆောင်​မ​နေချင်​ပါ။

My Beloved PartnerWhere stories live. Discover now