( 9 )

11K 1.6K 233
                                    

unicode

အနမ်းပေးရုံနဲ့ ဒီကိစ္စတွေအားလုံးကို သူ ဖြေရှင်းနိုင်ပေမယ့် ရှောင်းကျန့်က အနမ်းပေးမှာထား။ သူ့နားတောင် ရောက်မလာ။

အနမ်းရမှာကို သူဘယ်လိုဆွဲဆောင် ပြောရမလဲ။

" Snow white အဆိပ်သင့်သွားတော့ မင်းသား Florian နမ်းလိုက်တာ အဆိပ်ပြန်ပြေပြီး ပြန်ကောင်းသွားတယ်လေ ဟုတ်တယ်မလား ဟုတ်တယ်မလား . . . ရှောင်းကျန့်ကော ကျွန်တော့်ကိုလာနမ်း ကျွန်တော့် အစွမ်းတွေ ပြန်ရလာလိမ့်မယ် "

သူ့ရဲ့ အော်ပြောသံကြောင့် လူအားလုံးရဲ့ အကြည့်က သူ့ဆီသနားစဖွယ် ကျရောက်လာသည်။ မျက်ခွက်လှကတော့ ထိုင်ခုံပေါ်မှ စုတ်သပ်ပြီး ခေါင်းခါနေလေသည်။

သူ့ကို ဖမ်းချုပ်ထားသော ဝက်ကြီးကလည်း

" ရှောင်းကျန့် stalker ကလည်း စောက်ရူး fan "  တဲ့။

ရှောင်းကျန့်ကတော့ စိတ်ပျက်လက်ပျက်နဲ့ ခေါင်းသာခါပြသည်။ ပြီးတော့ အခုဖြစ်ပျက်နေသော အခြေအနေကို ရိပ်မိလာဟန်။ ထပြီး ထိုင်ခုံပေါ်က မျက်ခွက်လှကို ပြေးထိုးသည်။ အငိုက်မိသွားသဖြင့် မျက်ခွက်လှက ထိုင်ခုံနဲ့ပါ ဂျွမ်းပြန်ကျသွားလေသည်။

ရှောင်းကျန့်လည်း တခြားလူတွေရဲ့ ဖမ်းချုပ်ခြင်းကို ပြန်ခံလိုက်ရသည်။

" ဒီတလွဲသူရဲကောင်းကလည်း . . . ကျွန်တော့်ကို လာနမ်းပါဆို မနမ်းဘူး . . . အဲဒီသောက်ခွက်က ခင်ဗျားမထိုးလည်း လှနေပြီးသားကို . . . အခု နှစ်ယောက်လုံး သွားပြီ "

သူ မျှော်လင့်ချက်ဆုံးရှုံးစွာဖြင့် ပြန်ခေါင်းစိုက်ကျသွားသည်။

" မင်းတို့ ဘယ်သူတွေလဲ ဘာလဲ ငွေလိုချင်တာလား ဘယ်လောက်လိုချင်တာလဲ "

ရှောင်းကျန့်ရဲ့ ဒေါသတကြီးမေးမှုကို ပြန်ထလာသော မျက်ခွက်လှက လှောင်ပြုံးနဲ့သာ တုံ့ပြန်သည်။

" မေ့ဆေးက ပျောက်သွားပြီ ခေါင်းဆောင် ထပ်ပေးချင်ရင် သွားဝယ်ရတော့မယ် သွားဝယ်လိုက်ရမလား "

" မင်းဂျီးတော် သွားဝယ် မြို့ပြင်ဘက် ရောက်နေတာကို "

ခေါင်းဆောင်နှင့် နောက်လိုက်တို့ရဲ့ ပုံစံကိုကြည့်ပြီး သူ တောင်စိတ်ပျက်လာသည်။

My Beloved PartnerWhere stories live. Discover now