unicode
ကျန်းနမ်ရိပ်သာလမ်းမှာ ရှောင်းကျန့်ငှားထားတာက ဟိုတယ်မဟုတ်ဘဲ တစ်ထပ်အိမ်လေးတစ်လုံးသာ ဖြစ်နေခဲ့သည်။
" အဲဒီအိမ်ပဲ "
ရှောင်းကျန့် ညွှန်ပြသည့်အိမ်နားမှာပဲ သူရပ်ပေးလိုက်သည်။
" ဟိုတယ်မှာမနေတော့ဘူးလား "
" ဟိုတယ်မှာ သေမလိုဖြစ်သွားတာ ငါက အမှတ်မရှိဘဲ ဟိုတယ်ကိုထပ်ရွေးရမှာလား "
ရှောင်းကျန့်ဟာ နဂိုကတည်းကပဲ ကန့်လန့်တိုက် ပြောတတ်တာလား။ သူနဲ့ကျမှပဲ ဘုကန့်လန့်လိုက်ပြောတာလား သေချာမသိပေမယ့် ဒီလိုမျိုး စကားကောင်းကောင်း မပြောတဲ့သူနဲ့ တူတူနေရမှာကို စဉ်းစားမိတော့ သက်ပြင်းသာ ထပ်ခါတလဲလဲ ချမိသည်။
" ဒီမှာ ဘယ်နှစ်ရက် နေရမှာလဲ "
" ငါက နားရဦးမှာလေ "
" သိတယ်လေ အဲဒါကြောင့် ဘယ်နှစ်ရက်နေရဦးမှာလဲ မေးနေတာလေ "
" စကားပြောရင် စိတ်တိုတဲ့လေသံနဲ့ မပြောနဲ့ မဖြေဘူး "
" ဟာ ကွိုင်ပဲ "
" ရော့ ဒီမှာသော့ ခြံတံခါးသွားဖွင့် ကားကငါပဲ မောင်းဝင်ခဲ့တော့မယ် "
ခိုင်းတိုင်း လိုက်မလုပ်ချင်ပေမယ့် အနားမှာထားပေးဖို့ သဘောတူထားတာကို စိတ်မပြောင်းစေချင်တာကြောင့် ရှောင်းကျန့်ပေးသည့် သော့ကိုယူပြီး ကားပေါ်က ဆင်းလိုက်ရသည်။
မိုးကောင်းတုန်း ရွာထားပေါ့ ရှောင်းကျန့်ရယ်။
ခင်ဗျား အိမ်ထောင်ကျမှ ခံခဲ့ရသမျှ ပြန်လုပ်ပြီး ထွက်သွားမယ်။သူတံခါးဖွင့်ပေးလိုက်တော့ ရှောင်းကျန့်က ခြံထဲကို ချက်ချင်းကားမောင်းဝင်သွားသည်။
အိမ်ထဲက တံခါးကိုတော့ ရှောင်းကျန့်သာဖွင့်လေသည်။ အိမ်ထဲဝင်လိုက်တော့ လူမနေတာကြာပြီ ဖြစ်သော အောက်သိုးသိုးနံ့ကသာ ထောင်းခနဲ။
သူက ဘာမှမဖြစ်ပေမယ့် ရှောင်းကျန့်က တံခါးဝမှာပင် တအော့အော့ ထိုးအန်တော့သည်။ မလုပ်ပေးချင်ပေမယ့် မကောင်းတတ်တာမို့ မျက်နှာရှုံ့မဲ့ကာ ကျောကိုနှိပ်ပေးလိုက်မိသည်။
YOU ARE READING
My Beloved Partner
FanfictionWang Yibo × Xiao Zhan Yizhan Fanfiction Unicode+Zawgyi story cover crd to Kitra# fanart picture crd to original owner#