Episode-2

4K 221 10
                                    

🌙⭐⭐🌙
"အား~~~~~~~~~"

မှူးအိမ့်စံနှင့် အမေဖြစ်သူ ဒေါ်သီရိမှူးတို့ ရုပ်ရှင်ကြည့်နေစဥ် ထွက်ပေါ်လာသော ကျယ်လောင်စူးရှသည့် အသံကြီးကြောင့် သားအမိ၂ယောက်လုံး ကြောက်ကြောက်လန့်လန့်ဖြင့်အချင်းချင်း ဖက်လိုက်မိကြသည်။ အသံ၏လာရာကား အပေါ်ထပ်မှချစ်လှစွာသောအစ်ကိုဖြစ်သူ မှူးမြတ်စံ ၏ အခန်းမှ

မှူးအိမ့်စံ - မာမား သမီး သွားတက်ကြည့်လိုက်ဦးမယ် ဘာဖြစ်တာလဲ မတိဘုး

ဒေါ်သီရိမှူး - အေးအေး သမီးရယ် နင့်အစ်ကိုရူးနေရင်လည်း တခါထဲရွာသာကြီးသာ ပို့လိုက်တော့

အမေဖြစ်သူရဲ့စကားကိုသဘောတကျပြုံးကာမှူးအိမ့်စံလဲ အကိုဖြစ်သူရှိရာအပေါ်ထပ်သို့တက်လာခဲ့သည်။

မှူးအိမ့်စံ - ကိုကို ငါဝင်လာပြီနော်

အခန်းထဲမှ "အေး ဝင်ခဲ့" ဟုဆိုသဖြင့် မှူးအိမ့်စံအခန်းတံခါးဖွင့်လိုက်သော် ဖုန်းကြီးကြည့်ပီးပြုံးနေသော် အစ်ကိုဖြစ်သူ။

မှူးအိမ့်စံ - ကိုကို ဘာဖြစ်တာလဲ အော်သံကြားလို့

မှူးမြတ်စံ - အိုမို ညီမလေး ငါအရမ်းပျော်နေတယ် တိလား

မှူးအိမ့်စံ - ဘာအရူးထတာလဲဟဲ့

မှူးမြတ်စံ - ငါ့The Moonက နောက်တစ်ပတ်Fan Signတဲ့။ အိုအပျော်လွန်လို့ သေတော့မှာဘဲ။ လွန်းကိုအပြင်မှာတွေ့ရတော့မယ်

မှူးအိမ့်စံ - နင်ကအဲ့ပွဲကိုသွားမယ်ပေါ့

မှူးမြတ်စံ- ဒါပေါ့ မသွားရအောင် ငါကရူးနေတဲ့သူမှမဟုတ်တာ ငါရူးနေမှသာ လွန်းကို အပြင်မှာတွေ့ရမဲ့ အခွင့်အရေးကို အဆုံးရူံး ခံမှာ

မှူးအိမ့်စံ - အေး နင်ရူးမရူးတော့မသိဘုး အမေကတော့ နင်ရူးနေတယ်ဆိုပီးအရူးထောင်ပို့ဖို့လုပ်နေပြီ။ ညဘက်ကြီးထထမအော်နဲ့ ဘေးအိမ်ကလူတွေကိုအားနာဖို့ကောင်းတယ်

မှူးမြတ်စံ - အေးပါဟ

ညီမဖြစ်သူ အခန်းထဲကထွက်သွားတော့မှ မှူးမြတ်စံလဲ ဖုန်းကိုပြန်ကြည့်ပီးပြုံးနေပြန်သည်။

**********************************

Sam ၊ Ricky ၊ Vio၊ လွန်း၊ တခေတ် ၊ ရဲရင့်တို့ Dormထဲမှာ ညစာစားပြီး အိပ်စက်ရန်ကို့အခန်းကိုပြန်လာခဲ့သည်။

My Idol My Love💚💚Where stories live. Discover now