တခေတ် မှူးလေးကိုဖက်ထားရာကနေလွှတ်ပေးလိုက်လေသည်။
တခေတ် - ငါပြန်တော့မယ် အိမ်ထဲဝင်တော့လေ
မှူးမြတ်စံ - အင်း ခုနက ငါတောင်းပန်ပါတယ် တခေတ် ငါ တမင်ရည်ရွယ်ပီးပြောတာမဟုတ်ပါဘူး ငါတောင်းပန်ပါတယ်နော်
တခေတ် - အင်းပါ ငါစိတ်မဆိုးပါဘူး စိတ်မကောင်းမဖြစ်နဲ့နော် ငါဘာမှမဖြစ်ဘူး ဟုတ်ပီလား နောက်တစ်ခါတော့ အဲ့လိုမပြောနဲ့နော်
မှူးမြတ်စံ - အင်း ငါကတိပေးပါတယ် နောက်တစ်ခါမပြောတော့ပါဘူး
တခေတ် မှူးလေးရဲ့ခေါင်းလေးကိုဖွဖွလေးပွတ်ပေးလိုက်သည်။ထိုအခါ သူ့ခါးကိုလာဖက်ကာသူ့ရင်ဖက်ထဲ မျက်နှာလာအပ်ထားသော မှူးလေး။ ဒီကလေးလေး လူကိုချုပ်နေပြန်ပီ။
တခေတ် - အိမ်ထဲဝင်တော့လေ ကိုယ်လဲပြန်တော့မယ်
မှူးမြတ်စံ - အင်း တာ့တာ ကောင်းကောင်းပြန်နော်
တခေတ် ကားထွက်သွားတော့မှ မှူးလေးလဲအိမ်ထဲဝင်လာသည်။ ထိုအခါအိမ်ဝမှာခါးထောက်ကာ ဆရာမကြီးစတိုင်ဖြင့်ရပ်စောင့်နေသော ချစ်ညီမလေး မှူးအိမ့်စံ။
မှူးအိမ့်စံ - အဟင်းဟင်း သူများတွေကျတော့လဲခြံဝမှာလဲမရှောင် ဖက်ရတာနဲ့ ခေါင်းလေးကိုပွတ်ပေးရတာနဲ့ နှစ်ယောက်တကမ္ဘာကြီးတည်ဆောက်နေပါလားနော်
မှူးမြတ်စံ - ဟဲ့ နင်ပေါက်ကရတွေ လာမပြောနဲ့ ငါတို့ကဒီအတိုင်း ~~~~~
မှူးအိမ့်စံ - ရိုးရိုးသားသားလို့လာမပြောနဲ့နော် ကိုကိုပြောတိုင်းယုံရအောင် ကိုကို နင်ငါ့ကိုဟိုနှပ်ချေးတွဲလောင်းကလေးမလို့ထင်နေတာလား နင်နဲ့ကိုတခေတ်အကြောင်းကို မမစုံနဲ့ မမပြည့်ပြောလို့ ငါအကုန်သိပီးပီ
မှူးမြတ်စံ - ဟင် ဟိုဟာမနှစ်ကောင် အာချောင်ပြန်ပီ
မှူးအိမ့်စံ - နောက်ဆုံးတော့ Idolကြီးနဲ့အမျိုးတော်ရတော့မှာပါလား ဟိဟိ
မှူးမြတ်စံ - ငါကနင်အကြီးအကျယ်ပေါက်ကွဲမယ်လို့ ထင်ထားတာ နင့်အကိုကကောင်လေးတယောက်နဲ့ဘာလိုလိုဖြစ်နေတာမို့