Episode- 12

1.9K 138 7
                                    

သာယာလှတဲ့မနက်ခင်းလေးမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေသူကတော့ မှူးလေးပင်ဖြစ်သည်။ သဘက်ခါစာမေးပွဲရှိတာကိုမေ့ပီး အိပ်ကောင်းကောင်းနဲ့အိပ်နေသူလေး။ ပါးစပ်ကလဲတတွပ်တွပ်နဲ့ဝါးနေသေးသည်။ ကြည့်ရတာ အိပ်မက်ထဲမှာ မုန့်စားနေပုံပင်။ မှူးလေးရဲ့အိပ်စက်နေမှုကိုကြည့်မရတော့ သော သူရဲ့သူငယ်ချင်းမလေး၂ယောက်က ညင်သာစွာဖြင့် ကုတင်ပေါ်ကနေစောင့်ကန်ချပလိုက်သည်။

မှူးမြတ်စံ - အားးးးးးး သေပါပီ

မှူးလေးသူ့ကိုကန်လိုက်တဲ့တရားခံတွေကိုလိုက်ရှာသော်။ သူများကုတင်ပေါ်မှာ အခန့်သားငုတ်တုတ်ထိုင်ပီး အာလူးကြော်ထိုင်စားနေတဲ့ မယ်မင်းကြီးမနှစ်ယောက်။

မှူးမြတ်စံ - မသာမလေးတွေ ဘာလုပ်တာလဲ

လင်းပြည့်ပြည့် - နင့်ကို နိူးလိုက်တာလေ

မှူးမြတ်စံ - လူလို နိူးလေ မသာမလေးတွေရဲ့

ပြည့်စုံသင်း - နင်ကလူလို နိူးရင် နိုးလာမဲ့အကောင်မှမဟုတ်တာ အဲ့တော့စောင့်ကန်ပီးနိူးရတော့တာပေါ့

လင်းပြည့်ပြည့် - အင်းလေ နင်ကငါတို့ကိုကျေးဇူးတောင်တင်ရဉီးမှာ သွား မျက်နှာသွားသစ် စာတူတူလုပ်ဖို့နင့်ဆီလာတာ သူကတော့ကုလားသေကုလားမောအိပ်နေတယ် မတိရင်စာရနေတဲ့ဒီဇိုင်းနဲ့ သွား ညစ်ပတ်ကောင် မျက်နှာသွားသစ်

မှူးမြတ်စံ - သွားပီဟ ယောက်ျားတပိုင်းမိန်းမရိုင်းတွေရဲ့

ခေါင်းအုံးပျံတွေမလာခင် မှူးလေးရေချိူးခန်းထဲအမြန်ပြေးရလေသည်။ မျက်နှာသစ်ပီးထွက်လာတော့ စာလုပ်မယ်ဆိုတဲ့ကျေးဇူးရှင်မနှစ်ယောက်က မှူးလေးLap Topကိုဖွင့်ပီး တခွီခွီနဲ့ဟီလာထနေသည်။ ဒီကောင်မတွေစာလုပ်မယ်ဆိုပီး BLကားတွေကြည့်နေပြန်ပီထင်သည်။

မှူးမြတ်စံ - အမတော် နှစ်ယောက် ငါထမင်းခဏသွားစားဉီးမယ်

ပြန်ဖြေဖော်တောင်မရဘဲ Lap Topထဲကိုခေါင်းဝင်မတတ်ကြည့်နေသော သူငယ်ချင်းမလေးနှစ်ယောက်။ မှူးလေးလဲ ဆက်မပြောဘဲ အောက်ထပ်က ထမင်းစားခန်းထဲကိုထွက်လာခဲ့လေသည်။ မှူးလေးအိမ်အောက်ထပ်ကိုရောက်သည်နှင့်တပြိုင်နက် ခြံရှေ့ကိုရပ်လာသော ကားတစ်စီး။ကားပေါ်မှဆင်းလာသူကတော့ မှူးလေးရဲ့ချစ်ရသူ တခေတ်။

My Idol My Love💚💚Where stories live. Discover now