Final Episode (Zawgyi)

1.2K 54 2
                                    

၂နှစ်ကြာပီးသော်

ဒီညဟာ ၁၀တန်းအောင်စာရင်းတွေထွက်မဲ့နေ့ဖြစ်သည်။ သုခအရမ်းကိုစိတ်လှုပ်ရှားနေလေသည်။ သုခကတပြန်နှစ်က နှလုံးအစားထိုးခွဲစိတ်မှုလုပ်လိုက်ရလေသည်။ ပြန်ကောင်းတော့လဲ အကိုကော မေမေကောက စိတ်မချသေးလို့ဆိုပီး ၁နှစ်ထပ်နားခိုင်းသည်။ မနှစ်ကမှသုခ ၁၀တန်းပြန်ဖြေရတာဖြစ်သည်။ဒီညတော့ သုခရဲ့ဖြေဆိုထားသော၁၀တန်းအောင်စာရင်းကြီးမြကြာခင်ထွက်တော့မည်။ သုခ အောင်စာရင်းကို ကိုခေတ်နဲ့အကိုကသွားကြည့်လေသည်။ သုခဘေးမှာတော့ ကိုကိုရယ်မမမှူးအိမ့်ရယ်ကြီးကြီးရယ်မေမေရယ်ကနေပေးနေလေသည်။

မှူးမြတ်စံ - အောင်မှာပါ သုခရဲ့ သုခဘဲဖြေနိုင်တယ်ဆို

သုခမိုး - အင်း ကိုကို

ခဏအကြာအိမ်ထဲကိုကားတစ်စီးဝင်လာသည်။ ဧည့်ခန်းမှာထိုင်နေတဲ့သူတို့အကုန်လုံး အိမ်ပေါက်ဝကိုပြေးသွားကြလေသည်။ ကားပေါ်မှလဲ သျှမ်းပိုင်ကအသဲအသန်ဆင်းလာသည်။

သုခမိုး - အကို ကျွန်တော်အောင်တယ်မှတ်လားဟင်

သျှမ်းပိုင် - အောင်တာပေါ့ဗျာ အောင်တာမှဂုဏ်ထူး ၂ဘာသာပါတယ်

သုခမိုး - တကယ်

သုခအပျော်လွန်ပီး အကို့ကိုပြေးဖက်လိုက်သည်။

ဒေါ်မာလာမှူး - သားလေး ကတော်လိုက်တာကွယ် ဒါနဲ့သားသျှမ်းပိုင် ဂုဏ်ထူးကဘာ ဘာသာတွေလဲကွယ်

သျှမ်းပိုင် - သခ်ျာ နဲ့ Bio ပါ အန်တီ

သုခမိုး - ဟီး အခုမှဘဲ ရင်ထဲကအလုံးကြီးကျသွားတော့တယ်

ကျန်တဲ့သူတွေကအပြုံးကိုယ်စီနဲ့အိမ်ထဲကိုဝင်သွားကြပီး ကျန်ခဲ့သူက မှူးလေးနဲ့တခေတ်။

တခေတ် - သုခတောင် ၁၀တန်းအောင်သွားပီနော်

မှူးမြတ်စံ - အင်း သုခလေးကတော်လိုက်တာ

တခေတ် - အာ့ဆိုကိုယ့်ကို Kissပေး

မှူးမြတ်စံ - ဟင် ဘာဆိုင်လို့လဲ

တခေတ် - မသိဘုးကွာ ပေး

မှူးမြတ်စံ - ကလေးဆိုးကြီး

My Idol My Love💚💚Where stories live. Discover now