Married💐💐

1.3K 69 13
                                    

ဒီနေ့ဟာ မှူးလေးနဲ့တခေတ် တို့ရဲ့လက်ထပ်ပွဲကျင်းပမည့်နေ့ဖြစ်သည်။ Wedding ပွဲကိုတော့ပြင်ဦးလွင်မြို့က အမျိုးသား ကန်တော်ကြီးဥယျာဥ်ထဲတွင်ကျင်းပေလေသည်။ အကြောင်းကတော့ မှူးလေးက ကိုရီးယားကားတွေထဲကလို မြက်ခင်းပြင်စိမ်းစိမ်းလေးတွေပေါ်မှာရိုမန့်တစ်ဆန်ဆန်မှမင်္ဂလာမဆောင်ရရင် တခေတ်ကိုမယူဘူးဟု အမိန့်ထုတ်ထားသောကြောင့်ဖြစ်သည်။

ပြည့်စုံသင်း - ဟဲ့ အကောင် ပြင်ဆင်လို့ပီးပီလား

မှူးမြတ်စံ - ပီးပီ ဒါနဲ့ငါချောနေတယ်မှတ်လား

လင်းပြည့်ပြည့် - အေးပါ ကိုယ်တော်ရယ် ချောပါတယ် ထတော့ အရှေ့မှာ လူစုံနေပီ

မှူးမြတ်စံ - အေးပါဟ ခဏလောက်မှန်ကြည့်ပါရစေဦး

ပြည့်စုံသင်း - လာပါဆိုဟယ် အကောင်ရယ် မောတယ်ဟဲ့ နင့်ကိုခေါ်ရတာ

ပြည့်စုံသင်းကလက်ဆွဲပီးခေါ်လာမှတာ မှူးလေးတယောက်မှန်ရှေ့ကနေခွာကာ ပြည့်စုံသင်းနောက်ယက်ကန်ယက်ကန်ပါသွားလေသည်။

Weddingပွဲတွင်

သျှမ်းပိုင်  - သတို့သား နှစ်ယောက်ကိုကြိုဆိုလိုက်ရအောင်လား ခင်ဗျာ့

ပရိတ်သတ်တွေရဲ့လက်ခုပ်သံထွက်လာတာနှင့်အမျှ တခေတ်နဲ့မှူးလေးဟာ တယောက်လက်ကိုတယောက်ဆုပ်ကိုင်ရင်း လူတွေရဲ့အလယ်မှာပျော်ရွှင်စွာ လျှောက်လှမ်းလာကြလေသည်။

( Weddingပွဲမှာဘာတွေလုပ်လဲသိပ်မသိလို့ကျော်ရေးလိုက်မယ်နော်😁 တို့ကWeddingပွဲတွေသိပ်မသွားလို့ ဘိသိတ်ဆရာတွေရဲ့အသုံးအနူန်းတွေကိုသိပ်မသိဘုးရယ်😁 မဖြစ်မနေသွားရတယ်ဆိုရင်လဲအစားဘဲငမ်းနေတော့ သူတို့ဘာတွေပြောပီးဘာတွေဖြစ်ပျက်နေကြလဲဆိုတာကိုသတိမထားမိဘုးရယ်😁)

"မိသားစု ဓာတ်ပုံရိုက်ပါမယ်ခင်ဗျာ့ လူစုပေးကြပါ"

ပြည့်စုံသင်း - မှူးလေး ညီမလေးရေ လာလာ ဒီကိုလာ ဓာတ်ပုံရိုက်ကြမယ်တဲ့

မှူးအိမ့်စံ - လာပီ မမစုံရေ ကိုကိုလဲလာလေ တူတူဝင်ရိုက်ရအောင်

Vio - အင်းပါ ကလေးရဲ့

ဓာတ်ပုံရိုက်မည်လုပ်စဥ် ဓာတ်ပုံဆရာဘေးမှာမတ်တပ်လေးရပ်နေသော ပြည့်စုံသင်း ၊ လင်းပြည့်ပြည့် နဲ့ Vio ကလွဲရင် The Moonရဲ့ကျန်တဲ့ membersများကို

မှူးမြတ်စံ - ဟိုအမတော် နှစ်ယောက် အဲ့မှာဘာရပ်လုပ်နေတာလဲ လာလေ ဒီကို ဓာတ်ပုံရိုက်မယ်

တခေတ် - အကို လွန်းတို့လဲ လာလေ ဘာရပ်လုပ်နေကြတာလဲ

မှူးလေးနဲ့ တခေတ် ခေါ်မှ စပ်ဖြဲဖြဲရီကာ ဓာတ်ပုံလာအရိုက်ခံကြလေသည်။

"ကဲ စရိုက်ပီနော် 1 2 3 📸 "

ညဘက်ရောက်သော် တခေတ်က ရေချိုးခန်းထဲတွင်ရေမိုးချိုးနေပီး မှူးလေးကတော့ ကုတင်ပေါ်တွင် စာအုပ်ထိုင်ဖတ်နေလေသည်။ ခဏအကြာရေချိုးခန်းထဲကနေ အပေါ်ပိုင်းဗလာနဲ့ တခေတ်ထွက်လာလေသည်။ ပီးတော့ မှူးလေးနားဝင်ထိုင်ကာ

တခေတ် - မှူးလေး

မှူးမြတ်စံ - ဘာတုန်း

တခေတ် - ဒီနေ့ ကိုယ်တို့ရဲ့မင်္ဂလာဦးညနော်

မှူးမြတ်စံ - အဲ့တော့ ဘာဖြစ်တုန်း

တခေတ် - အဲ့တော့ကွာ ကိုယ်တို့စောစောအိပ်~အိပ် ~~

မှူးလေးရဲ့နူတ်ခမ်းလေးကိုနမ်းဖို့ရှေ့တိုးလာသော်လဲ ခေါင်းကို ဂွပ်ခနဲမြည်အောင် အခေါက်ခံလိုက်ရသော် တခေတ်

မှူးမြတ်စံ -  မင်္ဂလာဦးညဆိုပီး ပေါက်တတ်ကရတွေလုပ်ဖို့မစဥ်းစားနဲ့   ဟိုတခေါက်တုန်းကပီးပီဘဲဟာ အဲ့တာကိုမင်္ဂလာဦးလို့သဘောထားလိုက်

(ဘာကို ပြောနေကြတာလဲဆိုတာ သိကြတယ်ဟုတ်🙄)

တခေတ် - မှူးလေးကလဲကွာ

မှူးမြတ်စံ - သိဘူး သိဘူး ဒီနေ့ငါ့အသားထိရင် ခေါင်းကွဲဖို့ပြင်ထား ဒါဘဲ ငါအိပ်ပီ

ဒီလိုနဲ့တခေတ်နဲ့မှူးလေးတို့ရဲ့မင်္ဂလာဦးညလေးဟာ ဘာမှကိုမဘာလိုက်ရဘဲ ပြီးဆုံးသွားရသတဲ့😂

******************************************

Extraတွေထပ်လာဦးမယ်နော် ဖတ်ကြမယ်မှတ်လား😗

My Idol My Love💚💚Where stories live. Discover now