Episode-11

2K 165 7
                                    

နောက်နေ့မနက်🌞🌞🌞

တခေတ်အိပ်ယာမှနိုးလာသည့်တိုင်အောင်ဘေးကသူ့ချစ်သူအသစ်စက်စက်ကလေးကတော့ကုလားသေကုလားမောအိပ်နေလေသည်။ တခေတ်ကတော့ချစ်ရသူရဲ့တခေါခေါ တခူးခူးအိပ်နေပုံလေးကိုတစိမ့်စိမ့်ထိုင်ကြည့်ကာ သဘောတကျပြုံးနေလေသည်။  ဟောက်ပင်ဟောက်နေသော အိပ်ပုတ်လေးရဲ့နဖူးပေါ် အနမ်းတပွင့်ဖန်ဆင်းပေးကာ ရေမိုးချိုးမျက်နှာသစ်ရန် ရေချိုးခန်းထဲသို့သာ ဝင်လာခဲ့သည်။

တခေတ် ရေချိုးခန်းထဲ ကထွက်လာချိန်မှာတော့ မှူးလေးနိုးနေလေပီ။ ဒါမဲ့လဲ ငုတ်တုတ်ကြီးငိုက်နေသေးသည်။ တခေတ်လဲ ရီရင်း မှူးလေးနားမှာသွားထိုင်ကာ နဖူးလေးကိုနမ်းလိုက်သည်။ အဲ့တော့မှ အိပ်မှုံစုန်မွှားဖြင့် မျက်လုံးပွင့်လေသည်။

တခေတ် - နိုးရင်လဲ ထတော့ မျက်နှာသွားသစ်တော့

မှူးလေး သူ့ရှေ့က အပေါ်ပိုင်းဗလာနဲ့တခေတ်ရဲ့ဘော်ဒီကိုကြည့်ကာ မျက်လုံးပြူးသွားသည်။

(တခေတ်က အပေါ်ပိုင်းကဗလာနဲ့အောက်မှာတော့တဘတ်တထည်ပတ်ထားပါတယ်နော်😁)

ကျစ်လစ်သော လက်မောင်းသားတွေကလဲသူ့နေရာနဲ့သူအဖုအထစ်တွေနဲ့အချိုးကျနေသည်။ ရင်အုပ်ကျယ်ကြီးတွေနဲ့အတူ ယောကျ်ားတိုင်းလိုချင်တောင့်တရသော six-packကလဲဗိုက်သားပေါ်မှာအထင်းသား။

တခေတ်- ဟိုကလေးလေး ကိုယ့်ကိုဘာလို့အဲ့လောက်တောင်ကြည့်နေတာလဲ

မှူးမြတ်စံ - တခေတ်

တခေတ် - ပြောလေ

မှူးမြတ်စံ - အဲ့ six-packကြီးကိုင်ချင်လို့

တခေတ် သဘောတကျရီမိသည်။ လက်စသတ်တော့ သူ့ကိုကြည့်တာမဟုတ်ဘဲ သူ့six-packတွေကိုကြည့်နေတာကိုး။

တခေတ် - ကိုင်ချင်ရင်ကိုင်လေ ကို့ရီးစားကိုကိုင်တာဘဲဟာ

မှူးမြတ်စံ - ဟီး အာ့ဆို ကိုင်ပီ

(six-packကိုကိုင်တာနော် တလွဲတွေးနေကြမှာစိုးလို့😁😁)

မှူးမြတ်စံ - ဟီး အဖုအထစ်လေးတွေနဲ့ ငါ့မှာကျအဲ့လိုတွေမရှိဘူးရယ် ငါ့ဗိုက်ကျပူပီးလုံးနေတယ်

My Idol My Love💚💚Where stories live. Discover now